Unicode
"သားရဲ့ပညာသင်ဆုကို ဆွန်းမ်ဖောင်ဒေးရှင်းကနေ ရုတ်သိမ်းလိုက်ပြီတဲ့ သူတို့ဘက်ကနေ ပညာသင်ဆုပေးထားသမျှကျောင်းသားတိုင်းကို ရုပ်သိမ်းလိုက်တာ ဒီနေ့ပဲ ကျောင်းကိုစာဝင်လာတယ်"
ဆရာမပြောသမျှကို Jungkookနားထောင်နေရင်းနဲ့ စိတ်ထဲမှာတုန်လှုပ်နေ မိသည်။ သူ့ဘဝမှာကျောင်းတက်နေရတဲ့အချိန်တိုင်းက စိုးရိမ်မှု့တွေအပြည့်နဲ့သာ။ စိုးရိမ်နေတာတွေကြားထဲကပဲ ကျောင်းတက်လာခဲ့တာ အခုဆိုအထက်တန်း နောက် ဆုံးနှစ်ရောက်နေပြီပဲ။ ကိုယ့်ကိုယ်ကို ပြန်အားပေးရင်းနဲ့ပဲ သူ့ကိုကြည့်ပြီး ဂရုဏာ သက်နေတဲ့ဆရာမကိုပြုံးပြဖြစ်လိုက်သည်။
"ကျန်တဲ့ကျောင်းလခတွေအတွက်ကျွန်တော်ပေးနိုင်ဖို့ကြိုးစားပါ့မယ်ဆရာမ"
"ဆရာမလည်း သားကိုတတ်နိုင်သလောက်ကူညီပေးပါ့မယ်"
"ဆရာမက အဘိုးရဲ့ကျန်းမာရေးစရိတ်တွေ သုံးနေရတာလေ ကျွန်တော့် အတွက်ပါစိတ်ပူမနေပါနဲ့ ကျွန်တော်လုပ်နိုင်မှာပါ"
သူမတပည့်ကိုကြည့်ပြီး သနားနေရုံမှတပါး တခြားတတ်နိုင်တာလည်းမရှိ တော့။ ဆေးကုသစရိတ်တွေကြောင့်Jungkookလေးကို ကူညီချင်ပေမယ့် သူမလည်း မတတ်နိုင်ဖြစ်နေရသည်။
Taehyungက ဆရာများနားနေခန်းရဲ့အပေါက်ဝမှာရပ်ပြီး နားထောင်နေမိ သည်။ အထက်တန်းပထမနှစ်ကတည်းက ပညာသင်ဆုရပြီး Jungkookကရောက် လာခဲ့တာ။ လူကုံထံသားသမီးတွေပဲမို့ ကျောင်းသားအများစုက ပညာသင်ဆုရတဲ့သူ
တွေကို အရေးအရာပင်မလုပ်ကြ။ Jungkookကလဲ ဘယ်သူနဲ့မှအရောတဝင်မနေ ခဲ့။Taehyungတောင်မှ သူနဲ့သူငယ်ချင်းဖြစ်ဖို့ရာ အတော်လေးကြိုးစားလိုက်ရတာပင်။
ဒီလိုမာနရှိတဲ့Jungkookအတွက်က Taehyung ရဲ့အကူအညီကိုယူဖို့ငြင်းမှာ ဆိုတာအသေအချာပါပဲ။
Jungkook အဆင်ပြေဖို့ရာ သူဘာကူညီပေးလို့ရနိုင်မလဲဆိုတာကိုသာ တွေး ရင်း ဆရာများနားနေခန်းနားကနေ တိတ်တိတ်လေးလှည့်ပြန်လာလိုက်သည်။ ခဏ ကြာတော့ Jungkook ပြန်ရောက်လာသည်။မျက်နှာမကောင်းတာဘာညာ တစ်ခုမှမရှိ ရလေပဲ Taehyungကိုပြုံးပြကာ သူ့နေရာသူဝင်ထိုင်သည်။
YOU ARE READING
Rain Drops Diary
FanfictionPurple Letter 2 years Anniversary Limited Edition [TaeKook Oneshot Collection]