Sweet Rain [Sandi Bear]

431 59 2
                                    

Unicode

ကောင်းကင်ယံတစ်ခွင်လုံး အုံ့ဆိုင်းလျက် တမြည့်မြည့်ရွာချနေပါသော မိုး စက်မိုးပေါက်များသည် စဲမည့်ဟန်ပန်မရှိ။ တစ်ချက်တစ်ချက် လေ့အဝေ့၌ မိုးစက်များ သည် လေပင့်ရာအတိုင်းပါဆောင်သွားသည်။

ချမ်းစိမ့်စိမ့်ရာသီဥတုအခြေအနေကြောင့် အိပ်ရာထဲတွင် နွေးထွေးစွာနေသင့် သောအချိန်အခါဖြစ်သော်ငြား အထက်တန်းကျောင်းသားဝတ်စုံနှင့် ကောင်လေးတစ် ဦးကတော့ မိုးရေထဲ ထီးတစ်လက်နှင့် အံတုလျှောက်လှမ်းနေရသည်။

ညဥ့်ဦးယံတည်းက ရွာချနေသောမိုးသည် မိုးသောက်သည်ထိမစဲသော ကြောင့် ကျောင်းတော်ကြီးဆီသို့ ထီးအကာအကွယ်၊ မိုးကာများဖြင့် လာရောက်ရသည့် ကျောင်းသား၊ကျောင်းသူတွေဘဝဟာလည်း မလွယ်ကူလှ ။

" မိုးတွင်းကို မုန်းလိုက်တာ..."

စိတ်ညစ်ညူးစွာပင် ရေရွတ်မိလိုက်သည့် ဂျွန်ဂျောင်ဂု ။

အဝါရောင်ထီးသည် လေဒဏ်မိုးဒဏ်ကိုလုံလုံလောက်လောက် ကာကွယ်ပေး နိုင်ခြင်းမရှိသဖြင့် ဘောင်းဘီအောက်ခြေစနှင့် ရှုးဖိနပ်များမှာ မိုးစက်များကြား ရွှဲစိုနေ ခဲ့သည်။

ဂျောင်ဂုသည် စိုစိစိစိုထိုင်းထိုင်းခံစားချက်ကို မနှစ်မြိုသလို မိုးစက်တွေထဲ လမ်းလျှောက်ရသည်ကိုလည်းမနှစ်သက်။

မိုးနှင့်အတူ လေပြင်းတိုက်သည်ကိုလည်းသဘောမကျ၊ မိုးတွင်းဆို အမေ လျှော်ဖွတ်ပေးသည့် အဝတ်အစားတွေက အလုံအလောက် ခြောက်သွေ့ခြင်းမရှိ၍

ထိုင်းမှိုင်းမှိုင်းအနံ့ရသည်ကိုလည်းမကြိုက်။

မိုးရာသီနှင့်ပတ်သက်၍ သူ့၏မကြိုက်နှစ်သက်သည့်အချက်များကို တန်းစီ ပြောရလျှင် လေးငါးမျက်နှာရှည်သည့်စာစီစာကုံးတစ်ပုဒ်ပင်ဖြစ်မြောက်သွားနိုင်သည်။

အခုကိုလည်း မိုးရွာနေသဖြင့် သူ့အမုန်းဆုံးအရောင် ဝါတောက်တောက်ထီးအား ဆောင်းလာရသေးသည်။

အိမ်မှာက အဖေရော၊ အမေရော၊ အစ်ကိုရောက အလုပ်အကိုင်နှင့်ဖြစ်၍ အထက်တန်းကျောင်းသားဖြစ်သည့်သူ့ထက်ပင် လုပ်ငန်းခွင်သို့ စောစီးစွာထွက်ခွာ သွားကြကာ အိမ်၌ရှိသည့်ထီးများကို ကိုယ်စီယူဆောင်သွားကြသည်ကြောင့် အနှီအဝါ ရောင်ထီးတစ်လက်သာ ကျန်ရစ်သည်။

Rain Drops DiaryWhere stories live. Discover now