Secret Petrichor [Tulipbabejoon]

423 66 2
                                    

Unicode

မင်း မြေသင်းရနံ့လေးတွေကို သဘောကျလား...

မိုးရွာပြီးစအချိန်မှာ ရတတ်တဲ့ သိပ်ကို မှော်ဆန်တဲ့ရနံ့လေးပေါ့။

ရနံ့တစ်ခုကနေ ချိုမြိန်နွေးထွေးခြင်းကို ခံစားနိုင်တယ်ဆိုရင် အဲ့တာဟာ မြေ သင်းနံ့ထုံထုံလေး‌တွေကလွဲ တစ်ပါးမဖြစ်နိုင်တော့ဘူး လို့ပဲထင်တယ်။ မိုးစက်မိုး ပေါက်တွေအလည်လာပြီးချိန် မြေပြင်ကိုထိတွေ့နှုတ်ဆက်သွားတဲ့ မြေသင်းရနံ့လေး ကို သဘောကျခဲ့တယ်။အလားတူစွာပဲ.....

🌧🌧🌧

တစ်ညလုံး ပူလောင်ခြောက်သွေ့နေရာကနေ ရွာချလိုက်တဲ့ မိုးကြောင့် ၀န်း ကျင်တစ်ခွင်ဟာ ခနချင်းစိမ့်သက်အေးချမ်းသွားတယ်။ မေမေကခြံထဲတွင်ရှိ‌သော အ၀တ်တွေကပျာကယာရုတ်လာကာဧည့်ခန်းထဲရှိ ဆိုဖာပေါ်ကို ပစ်တင်လိုက်ပြီး ကျောင်းသွားဖို့ အဆင်သင့်ဖြစ်ပြီးကာမှ မသွားသေးပဲ ထိုင်နေရတဲ့ ထယ်‌ယောင်းကို လှမ်းကြည့်၏။

ထယ်ယောင်းသည် အထက်တန်း နောက်ဆုံးနှစ်ကို စတတ်နေပြီဖြစ်ကာ အရာရာမှာ သူ့ကိုယ်သူ ရင့်ကျက်သော အမျိုးသားတစ်ယောက်ဖြစ်နေပြီ ဟုခံယူထား သော်လည်း ယခုလိုအချိန်မျိုးဆိုလျှင် ငယ်ပိုးလေးကကြွလာကာ ကျောင်းကမသွားချင် တော့။

အခန်းတံခါးလေးပိတ်ပြီး ၀တ္တုစာအုပ်လေးတစ်အုပ်လောက်ဖတ်ကာ နေပစ် ချင်သည်။ မိုးတိတ်သွားရင် ခြံထဲ ဆင်းပြီး လေနုအေးတွေကို ရှိုက်မည်။ ဘယ်လောက် တောင်ကောင်းလိုက်မလဲ။

ထယ်ယောင်းက မိုးရွာပြီးစရတဲ့မြေသင်းရနံ့တွေကို မက်မက်မောမောပင်

ကြိုက်သည်။ ထိုရနံ့သည် သူ့ကို ရင်ခုန်စေသည် နွေးထွေးစေသည်။

"ထီးယူပြီး သွားတော့လေ

တကယ်တော့ ကျောင်းနှင့် ထယ်ယောင်းတို့အိမ်က နီးသည်ပြောရမည်။ ထို့ ကြောင့် ထီးယူပြီး သွားလိုက်ရတာက ဘာမှအပန်းမကြီးချေ။ မေမေကလဲ သူ၏ အတွေးကို သိနေပုံရကာ ကိုယ်တိုင်ပင် အိမ်ရှေ့ပုံးထဲတွင်ထောင်ထည့်ထားသော ထီး များထဲမှတစ်ချောင်းကို သွားယူကာ ဘေးနားသို့ချပေးလာ၏။ သည်တော့ ထယ် ယောင်းလဲ မတတ်သာတော့ပဲ ထီးကိုစိတ်မပါတပါ ဆွဲကိုင်ပြီးထရပ်လိုက်ရသည်။

Rain Drops DiaryWhere stories live. Discover now