Unicode
ရောမမြို့လေးသည် မိုးပြေးမိုးပေါက်တွေကြောင့် မြေပြင်သည်လည်း အနည်း ငယ်စိုစွတ်ထိုင်းမှိုင်းနေ၏။ ရထားလုံးလေးက တစ်သဲ့သဲ့ရွာနေတဲ့မိုးစက်မိုးပေါက်တွေ ကိုအံတုရင်း တစ်ချွင်ချွင်ခြူသံပေးကာ ရွေ့လျှားနေသည်။ ရထားလုံးလေးပေါ်တွင် လူ လတ်ပိုင်းအရွယ်ကောင်လေးနှင့်မိန်းမကြီးတစ်ယောက်ပါလာသည်။
"မရောက်သေးဘူးလား...ဝေးလိုက်တာတော်"
မိန်းမကြီးကစိတ်မရှည်တဲ့လေသံဖြင့် တစ်ဗြစ်တောက်တောက် ပြောလာ သည်။
"ရှေ့နည်းနည်းဆို...ဇင်ဂိုဗာရဲ့အနုပညာခန်းကိုရောက်ပါပြီ"
မြင်းလှည်းသမားစီက ကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်သက်ပြင်း အနည်းငယ်သာချမိလိုက်တယ်။ အိမ်ကနေ ဒီလောက်လှမ်းတဲ့နေရာထိ နေ့တိုင်းလာရ ကြေးဆိုဘယ်လောက်ခက်ခဲလိုက်မလဲ။
သာမာန်လူတွေအတွက်မြင်းရထား၊ ကားများကို အလွယ်တကူရှောင်ကွင်း သွားလာနိုင်သော်လည်း၊ ကျွန်တော့်လိုမျက်မမြင်လူအတွက် အသက်ကိုဖက်နဲ့ထုပ် ထားသလိုအရမ်းကိုခက်ခဲလွန်းတယ်။
ကျွန်တော်ကရောမရဲ့ သာမာန်မိသားစုအသိုင်းအဝိုင်းကနေ မွေးဖွားလာတာ ဖြစ်ပြီး အဖေကမီးရထားမောင်းတယ်။ အမေကတော့အရမ်းလှတဲ့မိန်းမပျိုပေါ့။ သူမ က ဇာထိုးပန်းထိုးအလုပ်လုပ်ရင်း အဖေနဲ့တွေ့ဆုံကာချစ်ကြိုက်ခဲ့တယ်။ နောက် သုံး နှစ်အကြာမှာ သူတို့ညားသွားကြပြီး ကျွန်တော့်ကိုမွေးဖွားခဲ့တယ်ပေါ့။ ကျွန်တော့် နာမည်ကVictory ... အရမ်းရင်နှီးတဲ့လူတွေကတော့ Victoryအစားနာမည်အတို ကောက် V လို့ပဲခေါ်ကြပါတယ်။ ကျွန်တော်ကလည်း အဲ့လိုချစ်စနိုးခေါ်တာသဘောကျ တယ်။
ကံဆိုးခြင်းနဲ့ယှဥ်တွဲ ပြီးမွေးလာတဲ့ကျွန်တော်ကမွေးရာပါမျက်မမြင်။ လူမှန်း သိတတ်စအရွယ်ကတည်းက မိဘနှစ်ပါးမှာ ထိုကိစ္စအတွက်ပူဆွေးနေကြပြီး မကြာ ခဏဆိုသလို မျက်စိပါရဂူပညာရှင်များဖြင့် သွားရောက်ဆွေးနွေးတိုင်ပင်ကြသည်။ အဖေ့ရဲ့မီးရထားမောင်းရာမှ ရသောလစာတစ်ဝက်ကျော်သည် ကျွန်တော့်ဆေးဖိုးဝါးခ နှင့်သာကုန်၏။ ကြာတော့လည်း ဒီဒဏ်ကိုသာမာန်မိဘနှစ်ပါးကတောင့်မခံနိုင်။ အရာ ရာကိုဘုရားသခင်အလိုကျတိုင်းဟုတွေးကာလက်လျှော့လိုက်ကျသည်။
YOU ARE READING
Rain Drops Diary
FanfictionPurple Letter 2 years Anniversary Limited Edition [TaeKook Oneshot Collection]