Unicode
လက်ထပ်ခြင်း
မိုးတဖြောက်ဖြောက်ရွာသွန်းနေသော ဆိုးလ်မြို့လယ်ခေါင်ကြီးမှာ လူပေါင်း များစွာ ဆူညံလှုပ်ရှားနေပေမယ့် ထယ်ယောင်းတစ်ယောက် မျက်လုံးတောင်ဝေ့မြောက်ဝေ့ဖြင့်ဇောချွေးတွေပျံနေသည်။
"ကိုကို ... ထယ့်ကိုမတွေ့ဘူးလား ထယ် ကိုကိုပြောထားတဲ့နေရာမှာပဲ ရပ်နေ တာပါ "
"ဟင် ကိုယ်လည်းအခုဘူတာမှာပဲရောက်နေတာ ထယ့်ကိုမတွေ့ဘူးဒုက္ခပါပဲ"
ဂျောင်ကုမှာ ဖုန်းထဲက ထယ်ယောင်းပြောနေတဲ့အတိုင်း ဘူတာထဲအနီး အနားတစ်ဝိုက်မှာအဝါရောင် အနွေးထည်ဝတ်ထားတဲ့ ချစ်ရသူအားအသည်းအသန်ရှာနေရသည်။
"ကိုကို အမြန်လာခေါ်ပါ ရထားထွက်တော့မယ်မလား"
အဖျားခတ်တုန်ယင်သွားသော အသံလှိုင်းကြောင့် ဂျောင်ကုလည်း ခေါင်းထဲ ပြာဝေသွားသည်။
"ကိုယ်တွေ့ပြီ ထယ်... မလှုပ်နဲ့ အဲမှာပဲရပ်နေ "
အဝေးမှလှမ်းမြင်လိုက်တဲ့ အဝါရောင်ပုံရိပ်လေးကဆန့်ကျင်ဘက်အရပ်မှာမို့ ခက်ခက်ခဲခဲ ရှာခဲ့ရသည်။
မလှုပ်နဲ့ မှာထားတာတောင် ဖုန်းကိုကိုင်ထားရင်းပင်တရွေ့ရွေ့ နဲ့ ယောင်ရမ်း လျှောက်နေသော ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ပါးချိုင့်လေးတစ်ဖက် ထင်းသည် ထိ ပြုံးလိုက်မိသည်။
"လွဲသွားမှာအရမ်းစိုးရိမ်နေခဲ့တာ "
မြင်မြင်ချင်း ရင်ထဲနစ်နေအောင်ပြေးဖက်ပြီး ခပ်တိုးတိုးရေရွတ်ဆိုလာတော့ ဂျောင်ကုမှာ ရင်ခွင်ထဲက ချစ်သူကောင်လေးရဲ့ ဆံပင်ကို ခပ်ဖွဖွလေးဆွဲဖွလိုက်သည်။
"မလွဲစေရပါဘူး ဘေဘီရာသေချာပေါက် ကိုယ်တွေ့အောင်ရှာမှာပေါ့ "
"သင်တန်းစာအုပ်တွေကလွဲလို့ ထယ့်မှာဘာမှမပါလာဘူး "
"ဟုတ်ပါပြီ ဘာမှမစိုးရိမ်နဲ့ ထယ်လိုအပ်တာတွေ ကိုကိုအကုန်ဖြည့်ဆည်းပေးမှာ "
YOU ARE READING
Rain Drops Diary
FanfictionPurple Letter 2 years Anniversary Limited Edition [TaeKook Oneshot Collection]