Unicode
အကြည့်တစ်ချက်..
အကြည့်တစ်ချက်က ဆယ်ကျော်သက်အရွယ် ကျွန်တော့်ကို ရင်ခုန်သံတွေ တဒိတ်ဒိတ်မြည်ဟီးစေတဲ့ တရားခံ။
အထိအတွေ့..
လက်ဖျားလေးချင်း မဆိုစလောက် ထိတွေ့မှုမှာလည်း ကျွန်တော့်နှလုံးသား လေးက လျှပ်စစ်စီးလိုက်သလို စူးကနဲ။
အခိုက်အတန့်..
သူနဲ့ ဆုံစည်းသမျှ မဆုံးစည်းသမျှ အခိုက်အတန့်တိုင်းပဲပေါ့... အတိုင်းအဆ မရှိပါဘူး။
အချစ်..?
ရင်ခုန်သံတွေ ဖြစ်ပေါ်စေတာ အချစ်လား။ ထိတွေ့မှုတွေမှာ ပျော်ဝင်နေ တတ်တာ အချစ်လား။ အတွေးတွေထဲအထိ စိုးမိုးစေတာ အချစ်လား။
ဝန်ခံခြင်း..
ကြုံလေသမျှ ဖြစ်ရပ်တိုင်းက သဘောကျဖွယ်အတိနဲ့ ကျွန်တော့်ရင်တွေ အဆမတန်လှိုက်ဖိုနေစေခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ တကယ်ပဲ ချစ်ခဲ့သလားမေး လာရင်တော့ ကျွန်တော် တကယ်မသိခဲ့ကြောင်းပါ။
🌧🌧🌧
ခါးသက်သက်အရသာရှိသော ကော်ဖီပူပူတို့ကို သောက်လေ့သောက်ထမရှိ သည့်ကိုယ်က ခပ်သင်းသင်းပျံ့နှံ့တတ်သောရနံ့ကိုတော့ ခုံမင်သည်။ ဂျွန်ငယ့်ဆီမှရနေ ကျမို့ အသားကျနေတာဖြစ်မည်။
Coffee veding machine cafeထဲတွင် နှစ်ယောက်သား ကော်ဖီပူပူလေး တစ်ခွက်စီကိုင်လျက် မှန်သားပြင်ထက်မှ မိုးစက်များကို ရှုစားဖြစ်ကြသည်။
မသောက်သော်လည်း ကင်မ်ဟာ ဆယ်ကျော်သက်လေးကိုတုပ၍ ကော်ဖီပူ တစ်ခွက်ကို ဆုပ်ကိုင်ထားခဲ့သည်။ ဆယ်ကျော်သက်လေးဟာတော့ဖြင့် ယနေ့ပြုလုပ် သော ကင်မ်၏စေ့စပ်ပွဲနှင့်ပတ်သတ်၍ ခံရခက်နေပုံ။ နှုတ်ခမ်းပါးတို့ကို တင်းတင်းစေ့ ထားသည်။ ကင်မ်ကလည်း ဆယ်ကျော်သက်လေးအား အရိပ်တကြည့်ကြည့်။
မှန်ပြင်ထက် လာရောက်ထိမှန်နေသော မိုးရေစက်များကိုကြည့်ရင်း ကင်မ် တစ်ယောက် စိတ်ပူလာသည်။ မိုးဓာတ်ရလျှင် ဂျွန်ငယ်ဟာ ကိုက်တတ်ခဲ့တတ်သည် မဟုတ်လား။ သို့သော် ဆယ်ကျော်သက်ကလေး ဂျွန်ငယ်ကတော့ဖြင့် ရောဂါကို လျစ် လျူရှုလျက် မိုးရေစက်များကို ငေးကြည့်နေသည်။
YOU ARE READING
Rain Drops Diary
FanfictionPurple Letter 2 years Anniversary Limited Edition [TaeKook Oneshot Collection]