Still Waiting With The Rain [JeonYiMon]

353 48 0
                                    

Unicode

"အထုတ်တွေ သေချာချနော်။ ကွဲစရာရှိတာတွေပါတာမလို့ကွဲကုန်မယ်"

ကျောင်းသားထဲမှတစ်ဦးရဲ့ သတိပေးသံက ညံခနဲထွက်လာခဲ့သည်။ အနယ် နယ်အရပ်ရပ်ကနေ ကျောင်းတက်ဖို့ရောက်လာကြတဲ့ ကျောင်းသားတွေက တစ် ယောက်တစ်ပေါက်နဲ့ ကြွက်ကြွက်ညံနေကြသည်။

ကျောင်းအဆောင်မှာမနေချင်တဲ့ ကျောင်းသားတွေအဖို့ ဒီလိုအပြင်က အဆောင်တွေကို သူ့ထက်ငါအပြိုင်ဦးအောင်ငှားကြရမြဲဖြစ်သည်။ ထိုထဲမှာမှာ ကင်မ် မိသားစုရဲ့ ယောက်ျားလေးအဆောင်ကလည်း နာမည်ကြီးအဆောင်တွေထဲက တစ်ခု အပါအဝင်ဖြစ်သည်။

နှစ်စဉ် ယောက်ျားလေးဦးရေ အယောက် ၅၀ လောက်သာလက်ခံပြီး စည်း ကမ်းကလည်းကြီးသည်။ သပ်ရပ်မှု သန့်ရှင်းမှုတွေကြောင့် စည်းကမ်းကြီး၍အနေကျုံ့ ပေမယ့်လည်း ငှားနေတဲ့ ကျောင်းသားတွေကတော့ တစ်နှစ်ထက်တစ်နှစ်သူ့ထက်ငါ အပြိုင်ငှားရမ်းနေကြမြဲပင်။

အခုလည်း ကျောင်းဖွင့်ရာသီရောက်လာပြီဆိုတော့ တစတစနဲ့ ပြောင်းလာ ကြတဲ့ကျောင်းသားတွေဖြင့် တိတ်ဆိတ်နေခဲ့သာအဆောင်ကြီးက တစ်ဖန်ပြန်အသက် ဝင်လာခဲ့ပြန်ပြီဖြစ်သည်။

အပြင်က ဆူညံသံတွေကြောင့် ထယ်ယောင်းတစ်ယောက် ခေါင်းအုံးအောက် ခေါင်းကိုတိုးဝင်လိုက်သည်။ ကျောင်းဖွင့်ရာသီတွေရောက်လာပြီဆိုရင် အဲ့လိုပဲ။

အဲ့ကျောင်းသားကြီးတွေရဲ့အသံနဲ့ အိပ်ကောင်းခြင်းမအိပ်ရ။ ထယ်ယောင်း

အတွက်ကတော့ တက္ကသိုလ် ကျောင်းပိတ်ချိန်ကအပျော်ဆုံးပင်ဖြစ်သည်။ ခြံဝင်းကြီး

တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး မျက်စိနောက်စရာလည်းမရှိပေ။ အထက်တန်း နောက်ဆုံးနှစ်မလို့ ဘော်ဒါတွေဘာတွေသွားနေမယ်ဆိုလည်းမဟုတ်။ ကျူရှင်ကောင်း ကောင်းကိုတက်ခိုင်းပြီး လူကြီးတွေကအိမ်မှာပဲနေခိုင်းသည်။

ဒါကလည်းသူ့အကြောင်းကိုသိလို့နေမှာပါ။ သူကလည်းသူ လစ်ရင်လစ်သလို စာကလုပ်တဲ့သူမဟုတ်ပေ။ အစတည်းက စာမလုပ်ချင်ပါဆိုမှ အခုလိုဆူညံနေရင် ဘယ်လိုလုပ်မလဲ။

Rain Drops DiaryWhere stories live. Discover now