"ဗိုက်စားနေပြီးမြန်မြန်သွားကြစို့"
DaEun ဖျတ်လတ်တက်ကြွစွာထမင်းစားရန်ဦးဆောင်ခေါ်လိုက်ချေ။"နင့်ရဲ့Sunbaeကဘယ်ရောက်သွားလို့လဲ သူမရှိမှလာခေါ်နေတယ် လိုသုံးလာမလုပ်နဲ့"
MinJae မှာအရွဲ့မတိုက်ရရင်နေရမရထိုင်မရ။"သူငယ်ချင်းတွေတူတူသွားချင်တာကို"
ဖြောင့်ချက်တွေနဲ့ ထပ်ကာတုန့်ပြန်လာချေ။"ငါတော့မသွားချင်ပါဘူး"
"နင်နဲ့မစားပါဘူး Harutoသွားကြစို့"
Harutoရဲ့လက်မောင်းအာ ချိတ်ကာအားကိုးရာရှာလိုက်တဲ့DaEun။"အေး သွားကြမယ်"
သဘောတူလာတဲ့သူ၏ လက်မောင်းကိုချိတ်လျက် Harutoနဲ့ပါသွားသည် ပြီးတော့အနောက်ပြန်လှည့်ပြီး DaEunတို့မှာလဲ ပြန်လဲချေပရန်
လျှာထုတ်၍ MinJaeကိုသရောနေချေ။"ရား မင်းသစ္စာဖောက်တယ်Haruto"
"လာစမ်းပါ ကလေးမဆန်းစမ်းပါနဲ့"
အရှေ့ကသုတ်သုတ် သုတ်သုတ်သွားနေတဲ့
သူငယ်ချင်း နှစ်ယောက်ထံနောက်ကောက်ကျမခံ အပြေးလေလိုက်တော့သည်။"Haruto နင်ကချစ်ဖို့အရမ်းကောင်းတယ် ဟို
ကောင်နဲ့ကွာပါ့"လက်မောင်းချိတ်ရက် ပါးပြင်ပေါ်သို့ လက်နှစ်ချောင်းဖြင့်ညစ်၍လာချေ။"အွန်း"
ပါးပေါ်သက်ရောက်လာသည့် လက်တွေကြောင့်
တုန်လှုပ်လို့သွားသည်။DaEunလုပ်ရပ်ကHrutoအတွက် သက်သောင့်သက်သာဖြစ်၍နေသည်မဟုတ်။ လက်တွေကိုဆွဲဖြုတ်
လိုက်ပြီး MinJaeဘက်အသာလေးကပ်လိုက်သည်။
မျက်နှာမှာလဲ မအီမသာပုံဖြင့်..."အာဆောတီ ငါကစတာကိုနင်ကစိမ်းကာနေပြီးပေါ့"မျက်စောင်းတစ်ခဲကြီးထိုးကာ Haruto အားမေးခွန်းထုတ်လိုက်ချေ။
"မဟုတ်ပါဘူး"
ကိုယ်တိုင်လဲ မသောင့်မသာဒီခံစားချက်ကြီးဘယ်လိုပေါ်လာမှန်းမသိ ပုံမှန်ကိုယ်သဘောကျတဲ့သူဒီလိုအထိတွေ့ရင်စိတ်တွေလှုပ်ရှားပြီး ပျော်
မိမယ်ထင်သည်။ဒါမှမဟုတ် ဒါမထင်မှတ်ထားတာ
ဖြစ်လာလို့ ဖြစ်ပေါ်လာတဲ့ခံစားချက်လား ဝေခွဲလို့
မရ..."ငါသွားစရာကိစ္စပေါ်လာလို့ သွားပြီး"
"ဟျောင့် ဘယ်လဲ"MinJaeမှာပြောနေတာမဆုံးသေး ပြေးထွက်လို့သွားပြီးဖြစ်သည်။