ကျောင်းဆင်းလို့ရပြီးလို့ဆရာမကဆိုလိုက်သည်နှင့်အိမ်ကိုတန်းတန်းမပြန်ကြသေး သူငယ်ချင်းအပေါင်းပါတွေနဲ့စကားတွေဖောင်ဖွဲ့ပြီး ဟီးဟီးဟားဟားလုပ်ကြပြန်တယ်။ထိုနောက် နေရာသစ်ဆိုင်သစ်တွေကိုတစ်ယောက်ကအစဖော်လိုက်သည်နှင့်တစ်ဖွဲ့လုံး အိမ်ကိုမဦတည်သေးပဲအဲ့တစ်နေရာကိုဝင်ဖြစ်အောင်ဝင်ကြသည်ကလဲကျောင်းသားကျောင်းသူတွေရဲ့ လွတ်လပ်ပျော်ပါးမူပေါ့..
"TaeGiငါပြန်ပြီး"
"မင်းလိုက်ခဲ့ပါလားJunKyuပျော်ဖို့ကောင်းမှာပါ"
"တော်ပြီး"
"ဩောအေးပါ ဂရုစိုက်သွားပေါ့"
တခြားစီကွဲပြားနေသူကတော့ JunKyuပင်
စာအုပ်သိမ်း ခုံရှင်းပြီးရင်ရှည်ရှည်ဝေးဝေးတွေ
ဝင်ပြောနေချင်မလုပ် သူငယ်ချင်းကိုလူမှူရေးအရ
နှုတ်ဆက်ပြီးမှသာအခန်းအပြင်သို့ထွက်သွားပြီး
ဖြစ်သည်။"ဘယ်တုန်းကလိုက်ဖူးလို့မင်းကခေါ်နေတာလဲ"
အဖွဲ့ထဲကတစ်ယောက်က စိတ်မရှည်စွာနဲ့ထပြော
သည်။"စာမေးပွဲနီးလို့နေမှာကွာငါလဲမလိုက်တော့ဘူးစာမေးပွဲပြီးနောက်တစ်ခေါက်မှလိုက်တော့မယ်"
"အေးဟုတ်တယ် တစ်လဆိုတာခနလေးနဲ့ကုန်တာ စာလုပ်ကြတာပဲကောင်းပါတယ်"
နောက်တစ်ဦးမှာလဲ TaeGiအာထောက်ခံပေသည်။
နောက်ပိတ်ဆုံးစာလုပ်ရန်ပဲရွေးချယ်လိုက်ကြပြီး အခန်းထဲမှအလျိုလျိုထွက်ကုန်ကြတော့မည်ဖြစ်သည်။ကျောင်းမှာဆိုလျှင်JunKyuရဲ့တစ်ဦးတည်သောခင်မင်ရတဲ့သူငယ်ချင်းမှာရှားရှားပါးပါးTaeGiသာရှိသည်။ နားလည်ရခက်တဲ့JunKyuပုံစံကြောင့်မည်သူမျှအဖက်တလဲလဲမရှိကြ JunKyuကလဲဒါကိုစိတ်ထဲ၌မထား သူ့အတွက်TaeGiရှိရင်လုံမျှပြီးလို့ခံယူထားပေသည်။
TaeGiကတော့ပျော်ပျော်ပါးပါးကျောင်းသားဘဝကိုအပြည့်ဝကြီးဖြတ်သန်းနေသူတစ်ဦးလို့ပြောရမည်။စာကိုလဲအရေးမပေးဘူးလာဆိုလဲမဟုတ် ပညာရေးဘက်ကိုလဲမျှကာချင့်ချိန်းနေတတ်သူဖြစ်တာကြောင့် JunKyuနဲ့ရှေ့ဆင့်နောက်ဆင့်ထိုင်ကြတော့ စာတွေတိုင်ပင်ရင်ပိုပိုရင်းနှီးလာချေဖြစ်တယ်။
အရပ်မှာလဲ JunKyuဖြင့်မတိမ်မယိမ်းအရပ်မှာ
အနည်းငယ်ပုထဲတော့ပါမည်။ရုပ်ရည်မှာလဲ သူနည်းသူ့ဟန်ဖြင့်ညို့ဓာတ်ရှိလို့နေသည်။