"Ommaတို့မရှိတုန်း ဂရုစိုက်နော်သားကြီး ဖျားတာနာတာတွေမဖြစ်စေနဲ့စာတွေလဲ သေချာလိုက်လုပ် သားကတော်တာOmmaသိပါတယ် ညီလေးကိုလဲဂရုစိုက်ပေးနော် သူဆိုးတာရှိရင်ပြောဆုံးမပေးမယ်"
"ဟုတ်ကဲ့စိတ်ချပါ ဘာမှစိတ်မပူနဲ့
စိတ်မချနိုင်ဘူး Ommaရဲ့မျက်စိကွယ်နားကွယ်မှာရှိနေတာလေ
"ဒါဆို တတ်နိုင်သလောက်မြန်မြန်ပြန်လာပေါ့ဗျာ
Harutoဆင်းလာပြီးဖုန်းလွှဲပေးရမလား""အေးအေး သူ့ကိုဘာမှ မမှာခဲ့ရဘူး"
"ရော့Ommaနဲ့ဖုန်းပြောလိုက်ဦး"
"အွန်း"
"Omma မပြောမဆိုနဲ့ထွက်သွားတယ်နော်"
"အေးကွယ် မဖြစ်မနေအခြေနေဆိုတော့လဲOmmaကလိုက်မသွားလို့လဲမရဘူး"
"မုန့်ဖိုးကျထားမထားခဲ့ဘူး"
"ရား အဲ့တာအခုမေးစရာလား"
အလိုက်ကန်းဆိုးမသိတဲ့Harutoကြောင့်
JunKyuမှာ ပါးစပ်အငြိမ်မနေရဘေးကပွစိပွစိ
လုပ်နေတော့တာပေါ့။ပြုံးဖီဖီနဲ့ JunKyuပါးစပ်ပေါ် လက်ညိုးတင်ပြီး ရှုူး
ဆိုတဲ့အသံမြည်းလိုက်ပြီး တိုးတိုးနေဆိုသည့်ဟန်
ဖြင့်။"သုံးချင်တာရှိရင် မင်းအကိုကို တောင်းချည်း"
"အ့..အ့ နာတယ်"
JunKyuတွေးဝေနေချင်မရှိ သူ့အပေါ်ရှိလက်ချောင်းကို အားပါပါကိုက်ပစ်လိုက်တော့တယ်။"ဘာဖြစ်တာလဲ သားငယ်"
"ရှူး.."
Harutoနည်းလည်းကောင်း JunKyuမှာပြုံးဖီးဖီးဖြင့်ခနဲ့ချေပြီး။"ခွေးဆိုးကိုက်တာ"
"ဘယ်ကခွေးတုန်း နောက်နေတာတွေရပ်ပြီးOmmaပြောတာနားထောင်........."
JunKyuမှာ ခွေးနဲ့နှိုင်းခံလိုက်ရတဲ့အခါ အနည်းငယ် ဒေါသမှာထောင်းခနဲထွက်သွားတာတော့မညာပေ
သို့သော် ရန်တွေထပ်မပွါးချင်တာနဲ့ပဲ ဧည့်ခန်း
အတွင်းရှိဆိုဖာ ပေါ်အကြောတွေလျော့ကာဖတ်
လက်စ စာအုပ်ကိုပဲဆက်ဖတ်ရန်ပဲပြင်တော့သည်။
စာအုပ်ထဲတော့ စိတ်နှစ်မရစောနကခွေးနဲ့နှိုင်းတဲ့ ကိစ္စကအခဲမကျေနိုင်။Ommaနဲ့ Harutoပြောပြီးမှ
တွေ့မယ် လို့မာန်ရင်စောင့်နေလိုက်တယ်။
