Pt.13

112 16 4
                                    

"အားလုံးပဲ သေချာနားထောင်ပေးကြမယ်အတန်းမဆင်းခင်သတင်းကောင်းတစ်ခုပြောပြချင်လို့"
သတင်းကောင်းဆိုတာနဲ့ ဆရာမဘက်မျှော်လင့်စွာနားထောင်ရန်ပြင်တော့သည် အတန်းပိုင်ဆရာမမှာ လဲကျောင်းသားကျောင်းသူတို့ရဲ့အာရုံကိုအမိရဖမ်းစားပြီးပြီးလာဆိုတာအတည်ပြုပြီးနောက်စကားဆက်ပေတော့ချေ..

"Midterm နောက်တစ်လဆိုဖြေရတော့မယ်"

"သတင်းကောင်းဆို"

"အေးလေ နောက်နေတာလားဆရာမ"

စာမေးပွဲဆိုတာနဲ့ ဟင်းဟာဖြင့်တစ်ယောက်တစ်ပေါက်ညီးညူးသံတွေအခန်းတွင်း ပြည့်လျှံလာတော့သည်။

"ဆုံးအောင်နားထောင်ကြမယ် midtermပြီးရင်လေ့လာရေးခရီးတစ်ကျောင်းလုံးထွက်ကြရမယ်ဆိုတာအသိပေးတာ"

MinJaeမှာတော့မပျော်နိုင်ပေ စာမေးပွဲကလာတော့မယ်ခေါင်းထဲစာဆိုတာမြေလှန်ရှာလဲတွေ့မည်
မဟုတ်။

"ဒီစာမင်းပွဲမအောင်လို့မရဘူးmidtermကွ"

"ဟုတ်တယ်Harutoတို့ဒီနေ့ကစပြီးစာလုပ်မှရတော့
မယ်"

"စာသင်ချိန်းသေချာနားမထောင်ရင် အခုမှဘယ်စာလုပ်လုပ်မမှီတော့ဘူး"DaEunစကားဝိုင်းထဲ ဝင်ပါလာချေ

DaEunပြောတာမှန်းတယ် ကျက်နေလဲအဓိပ္ပာယ်မသိဘယ်လိုခေါင်းထဲဝင်မလဲ
Harutoထောက်ခံစကားပြောလာသည်။

"ဒါဆိုလဲ DaEunနင်ကစာရတယ်ဆိုတော့Harutoကိုညနေကျောင်းဆင်းပြီးတိုင်အချိန်ယူပြီးသင်ပေး
လိုက်ပါလား Harutoကရတယ်"

"ရတယ်လေ"
DaEunကကြည်ဖြူစွာလက်ခံလိုက်သည်။

"ငါမရ.."
Harutoကတော့လက်ခံခြင်းပုံမပေါ်...

"ဘာကိုမရတာလဲ ရတယ်ဟုတ်တယ်မလား"
တံတောင်ဖြင့်တို့ကာလက်ခံဖို့မျက်စိတမှိတ်မှိတိ
လုပ်နေသည်MinJaeမှာ

"အွန်း..အွန်းရတယ် မင်းကရောဒါဆို"

"ငါကကျူရှင်ယူထားတယ် DaEunငါ့သူငယ်ချင်းကိုအပ်တယ်နော်"

"ဒါဆိုဒီညစကြမလား Haruto"
မဆိုင်းမတွစွာ ချိန်ဆိုလာသည်..

"အွန်း ကောင်းပြီးလေ"
အချိန်တွေဖဲ့ပြီး ပေးရတာဆိုတော့လဲမငြင်း
ရက်တော့ပါဘူး။

𝗢𝗣𝗣𝗢𝗦𝗜𝗧𝗘Where stories live. Discover now