"ပီးပေါ် ပီးပေါ် ပီးပေါ် ပီးပေါ်"
"အားးး ကျမ ကလေးးး ကျမကလေးအထဲမှာရှိသေးတယ် ကျမကလေးကိုခေါ်ပေးကြပါအားးး"
"ဖေရီးရေ အီးဟီးအဟင့်နာတယ်"
"မောင်လေးးး မောင်လေးဘယ်မှာလဲ မောင်လေးရေ"
"ရှူးးးးးးးးးးး"
မီးသတ်ကားမှရေသံက ထိုအနိဌာရုံအားလုံးကို လွှမ်းမိုးသွားအောင်မစွမ်းနိုင်ပါချေ။ သားပျောက်သည့်မိခင်များက အသံပျောက်မတက်အောင်ဟစ်ငိုယိုနေကြသလို ကလေးတွေရဲ့ အာခေါင်ခြစ်ငိုသံကလဲ ကောင်းကင်အထိ ပျံ့လွင့်နေဆဲ။
"ဗွမ်း"
မီးသတ်သမားတယောက်က သူ့ကိုယ်သူရေတွေထပ်လောင်းကာ ထောင်ထားသည့် လှေကားမှတစ်ဆင့် မီးလောင်နေသည့် အခန်းတွေကြားထဲ တိတိကျကျပြေးဝင်သွားသည်။
တကယ်တော့ ယခုက shopping mall တစ်ခုမီးလောင်နေတာဖြစ်ပီး အထဲမှာ ကယ်ထုတ်စရာ လူသိပ်မရှိတော့။ သို့ပေမဲ့လည်း ဆူညံနေသည့်အသံတွေကြားမှ အသံသေးသေးလေးတစ်သံကိုကြားလိုက်ရသဖြင့် ပြေးဝင်လာခြင်းဖြစ်သည်။
မီးတောက်တွေက လူတွေရဲ့ပစ္စည်းဥစ္စာတွေကို အသံတဝေါဝေါမြည်ကာ လောင်ကျွမ်းနေကြသည်။ မီးသတ်ပိုက်ခေါင်းမှရေကလဲ မီးတောက်ကို အညွှန့်ချိုးဖို့ ကြိုးစားကာယိမ်းယိမ်းနွဲ့နွဲ့။
"ဟယ်လို ဟယ်လို ရှိနေရင် တစ်ခုခုအကြောင်းပြန်ပါ"
"ဟယ်လိုဟယ်လို"
ထိုအခါတွင်တော့ လဲကျနေသည့် lucusလဲ နှာခေါင်းထဲ ဆက်တိုက်ဝင်လာသမျှ မီးခိုးတွေကြောင့် နှာခေါင်းကိုပိတ်ကာ ပါးစပ်ကို ဖွင့်လေတော့ အနှီမီးခိုးများသည် အကျင့်မကောင်းလှစွာ ပါးစပ်ထဲထိ ကျူးကျော်ဝင်ရောက်လာကြသည်။
ဒါပေမဲ့ lucusအားမလျော့ပဲနဲ့ ချက်ချင်းအသံထွက်အောင်အော်လိုက်သည်။
"ဒီမှာ!!!!"
အော်ပြီးသည်နှင့် ဝင်လာသည့်မီးခိုးများနှင့်အတူ ချောင်းခြောက်တွေဆိုးပြီးမျက်ရည်တွေကပါ တာကျိုးသလိုကျလာရသည်။ သူ့ဘဝက ဒီတိုင်းကြီးအဆုံးသတ်တော့မှာလား!?
YOU ARE READING
The Reason and a promise [One-short]
Kısa HikayeA short story of 2 people being somewhere in the world~