Yoongiရဲ့သေနတ်ကနေဖြောင့်ဖြောင့်တန်းတန်းထွက်သွားတဲ့ကျည်ဟာjiminအနောက်ကjack
တပည့်ဦးခေါင်းကိုတည့်တည့်မတ်မတ်ဖောက်၀င်သွားသည်။ထိုအချိန်မှာဘဲyoongiကtaeကိုစောင့်ဆွဲပြီးtaeကိုချုပ်ထားတဲ့သူကိုအားပါးပါးပိတ်ကန်လိုက်သည်။jungkookဟာလည်းအလျှင်အမြန်သူ့ကိုချုပ်ထားတဲ့သူကိုဦးခေါင်းနောက်စိနဲ့အားပါးပါးစောင့်ပြီးတစ်ချက်ကန်ကာခါးကြားကသူ့သေနတ်ကိုထုတ်ပြီးမမအနောက်ကလူရဲ့ဦးခေါင်းကိုအလျှင်အမြန်ကျည်ဆံတည့်မတ်စွာပစ်သွင်းလိုက်ရင်းတစ်ဆက်တည်းjackရဲ့လက် မောင်းနဲ့ပေါင်ကိုပါချိန်ပြစ်လိုက်သည်။
jungkookပိတ်ကန်လိုက်တဲ့သူနဲ့taeအနောက်ကသူကတော့jungkookသေနတ်အပိုyoongiကိုပစ်ပေးတဲ့အချိန်မှာဘဲyoongiလက်နဲ့သေသွားရရှာပြီလေ။
jackရဲ့နာကျင်စွာအော်သံဟာဂိုဒေါင်တစ်ခုလုံးဟိန်းသွားသည်။
ထိုအဖြစ်အပျက်တွေဟာစက္ကန့်ပိုင်းမျှသာကြာပြီးလျှင်မြန်လွန်သည်။နာမည်ကြီးဂိုဏ်းခေါင်းဆောင်ပီသစွာတစ်ဖက်သူအငိုက်ဖမ်းတာဟာသေသပ်သလိုညီအစ်ကိုအချင်းချင်းအကြည့်နဲ့စကားပြောတာတွေဟာပိရိလွန်းသည်။ချောင်ပိတ်ရိုက်ခံရပြီးရွေးချယ်စရာလမ်းပျောက်နေပေမဲ့လျှပ်စီးကြောင်းလိုလျှင်မြန်စွာလှုပ်ရှာမှုတွေကချီးကျူးစရာကောင်းလွန်းသည်။
taeကိုဆောင့်ဆွဲလိုက်တဲ့yoongiဟာလျှင်မြန်သလိုအားလည်းပါတာကြောင့်taeတစ်ယောက်ယခုထိတိုင်မြေပြင်ပေါ်ကမထနိုင်သေးပေ။
jungkook..taeကိုအရင်ထူပေးလိုက်ပြီးထိခိုက်သွားလားအရင်စစ်ဆေးကြည့်ပြီးမမဆီသွားကာကြိုးတွေဖြည်ပေးရင်းတောင်းပန်နေမိ။ဒါသူတို့ကြောင့်လေမမအတော်လန့်သွားမှာအသေအချာ
taeလည်းjiminစီသွားပြီးကြိုးတွေဖြည်ရင်းကြိုးကြောင့်သူ့ညီလက် မှာသွေးစို့နေတာတွေကြည့်ပြီးမျက်ရည်ကျမိ။မျက်နှာကိုအုပ်ကိုင်ရင်းjack
သူ့ညီကိုထိတွေထားတဲ့နေရာတွေကိုအလောတကြီးသုတ်ပြစ်နေရင်းပါးစပ်ကလည်းတစ်ဖွဖွတောင်းပန်းနေသည်။
နောက်တော့တုန်ရီနေတဲ့jiminကိုတင်းနေအောင်ဖက်ထားပြီးကျောပြင်လေးကိုသတ်ချပေးရင်အဆင်ပြေသွားပြီဖြစ်ကြောင်းတစ်ဖွဖွပြောနေသည်။သူလေးဘယ်လောက်သန်မာယောင်ဆောင်ခဲ့ပါစေအတော်လန့်နေမှာtaeအသိဆုံးသာ....
YOU ARE READING
မင်းဖြစ်နေလို့
Fanfictionမင်းဖြစ်နေလို့..... yoongi pov-မင်းကိုဘယ်သူမှမထိရဘူးငါမှာရွေးချယ်စရာလမ်းမရှိတော့ရင်တောင်မင်းကိုနာကျင်စေမဲ့သူဟာငါဘဲဖြစ်ရမယ် " တော်သေးတာပေါ့မင်းဖြစ်နေလို့ "#jimin jimin pov-မင်းကလူသတ်ပြီးငါကအလောင်းဖျောက်ပေးရမယ်ပေါ့၊yoongiရာငါအလုပ်နဲ့ငါဖွင့်ထားတဲ့ဆေးခန...