ညတစ္ဆေ (အပိုင်း - ၁)

160 7 0
                                    

(၁)

မြိုင်သာယာ မြို့ငယ်လေး၏မြို့စွန်။

ညဉ့် ၁၀နာရီ သာသာလောက် သက်ကြီးခေါင်းချချိန်လို့ ပြောရမလား၊ မြို့၏အစွန်အဖျားမို့ ကားသံလူသံတွေ တိတ်ဆိတ်ကာ ပုစဉ်းရင်ကွဲအော်သံဖားအော်သံ တို့ကိုသာ ကြားနေရသည်။

တစ်ချိန်က ခမ်းနားခဲ့မည်ဟု ထင်ရသော နှစ်ဆောင်မြိုင် အုတ်တိုက်ခံ (ပျဉ်ထောင်အိမ်ကြီး)သည် ကျယ်ဝန်းသော ဝင်းခြံကြီး အလယ်တွင် ထီးထီးကြီး ပေါ်လွင်နေသည်။

အတိတ်က သာယာလှပသည့် ပန်းစိုက်ခင်းများ ရှိခဲ့မည်ဟု ထင်ရသည့် အိမ်ကြီး အရှေ့ကွက်လပ်မှာ အကျယ် ၉ပေခန့် ကျောက်သားလမ်း တစ်ခုသာ ထင်ရှားစွာ မြင်ရ၏။

လမ်း၏ ဘေးဝဲယာမှာတော့ ယခုအခါ ချုံရိုင်းများ မြက်ရိုင်းများနှင့် ရှုပ်ထွေးနေသည်။

ညအမှောင်၏ လရောင် ဖျိုးဖျဖျမှာတော့ ထိုနှစ်ဆောင်မြိုင် အိမ်ကြီးမှာ တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင် နေသလိုပင်။

ညဉ့်မှာထွက်၍ အစာရှာတတ်သော ငှက်အချို့သည် အိမ်အိုကြီးဆီမှ တစ်ခါတစ်ရံ ရုတ်ခြည်းထ ပျံသန်းလာသည့်အခါ မကောင်းသော နိမိတ်ပုံကို ပြနေသကဲ့သို့ ရှိလေ၏။

အိမ်ကြီး၏ ပန်းဆွဲများ ရေတံလျှောက်များတွင် အသိုက်ဖွဲ့နေကြသော ခိုငှက်တို့၏ ညည်းတွားသံမှာလည်း ကြောက်မက်ဖွယ်အသံ ဖြစ်နေလေသည်။

စိတ်အားငယ်တတ်သူဆိုလျှင် တစ္ဆေသရဲကို မမြင်ရသေးခင် အိမ်ကြီး အနေအထားကို ကြည့်၍ ကြောက်လန့် အော်ဟစ် ထွက်ပြေးမိမည်မှာ သေချာလှသည်။

ထိုသို့ဆိုရလျှင် ဤအိမ်ကြီးထဲတွင် သက်ရှိလူသားတို့ နေထိုင်ခြင်း မရှိဘူးလားဟု မေးခွန်း ထုတ်ရလေသော်... .

အမှန်တကယ်တော့ ဤအိမ်ကြီးထဲတွင် လူသားစင်စစ် လင်မယားနှစ်ဦး နေထိုင်လျက် ရှိပါသည်။

အသက်အရွယ်အားဖြင့် တတိယအရွယ်ဟု ခေါ်အပ်သော ၅၀ကျော် ၆၀နီးပါး ခန့်ရှိပြီဖြစ်သည်။

ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော ထိုအိမ်ကြီးတွင် ရှေးယခင်ကတော့ ဦးကျော်ဖေ၊ ဒေါ်ခင်တင့်တို့လင်မယားနှင့် သားရတနာ ကျော်ကိုကို၊ သမီးအလှကညာ မေဖြိုးကို ဟူသော မိသားစုလေးယောက်တို့သည် ပျော်ရွှင်သော နွေးထွေးသော မိသားစုတစ်စု အဖြစ် နေခဲ့ကြပါသည်။

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now