လှေဦးထိပ်မှာ (အပိုင်း ၁)

181 4 0
                                    

Part 1

၁။ မရင်မြမက်သော အိပ်မက် နှင့်သူမ၏ ဘဝဇာတ်ကြောင်း။

လပြည့်ညမို့ ပြည့်ဝစွာ သာနေသော လမင်းကြီး၏ အလင်းရောင်အောက်တွင် ချောင်းရိုးလေး နံဘေးက ယာတဲအိမ်လေးမှာ နေချင်စဖွယ် သာယာလှပနပေါ၏။

ထိုယာတဲအိမ်လေး၏ ပိုင်ရှင်ဇနီးမောင်နှံတို့၏ အမည်ကား ကိုကံဦးနှင့် မရင်မြ ဟု ခေါ်ဆိုပါ၏။

ယာတဲဝတွင် မရင်မြသည် ဗိုက်ကြီးတကားကားနှင့် ပန်းကန်ခွက်ယောက်များ သိမ်းဆည်းနေသလို၊ ချောင်းစပ်က လှေအနီးမှာလည်း ကိုကံဦးတစ်ယောက် အလုပ်များနေပါ၏။

ကိုကံဦး တစ်ယောက် ငါးဖမ်းပိုက်ကို လှေဝမ်းထဲသို့ ပစ်ထည့်ရင်း ဇနီးမယား အချောအလှ မရင်မြကို လှမ်းအော်လိုက်သည်။

"ရင်မြရေ ငါ ချောင်းထဲ ပိုက်တန်းသွားတုန်း အိမ်မှာ ထင်သလိုကြဲမနေနဲ့နော်၊ ဘုရားကန်တော့ပြီး စောစောအိပ်နှင့်"

ခပ်စွာစွာရှိသော မရင်မြက ငြိမ်မခံချေ။ သူမ၏ ကိုယ်ဝန်အရင့်အမာ ရှိနေလေသော ဗိုက်ကို ပုတ်ပြခါ တဲအိမ်ဝမှနေ၍ ပြန်အော်လိုက်သည်။

"ဟုတ်တယ် ကိုကံဦးရေ ... တော်မရှိတုန်း ကျုပ်က ဟောဒီ ၁၀ပေပတ်လည် တဲထဲ ဂျွမ်းပစ်လိုက်ဦးမယ်တော်ရေ ဂျွမ်းပစ်လိုက်ဦးမယ် ဟွန်း"

ကိုကံဦး သူ့မိန်းမ၏ အငေါ်တူးသော စကားကို နားဝင်ချိုရော့လားမသိချေ။ တဟားဟား ရယ်မောရင်း ...

"ဟားဟားဟား အေးပါ မိန်းမရာ ဂျွမ်းပစ်မယ်ဆိုလည်း ပစ်ပေါ့၊ ဒါပေမယ့် ဗိုက်ထဲက ခလေး ထွက်ကျပြီး ငုတ်တုတ်ထထိုင်နေဦးမယ်ဟေ့ ဟားဟား ... ..."

ကိုကံဦး သူ့စကားကို သူ့ဘာသာသဘောကျပြီး ရယ်မောလျက် လှေပေါ်တက်၍ ချောင်းရိုးလေးအတိုင်း လှော်ခတ်သွားသည်။ ထုံးစံအတိုင်း ကိုကံဦး (တောက်ခေါက်သံ) ကြားရမည့် နေရာအထိ လှေကို လှော်ခတ်သွားမည်ဖြစ်ပါသည်။

မရင်မြကတော့ နုတ်ခမ်းထော်ကျန် နေရစ်ခဲ့သည်။ မရင်မြ၏ ကိုယ်ဝန်က ရင့်မာနေပြီ ဖြစ်သည်။ သည်ကနေ့ မနက်ဖြန် ဘယ်နေ့မွေးမည် မသိ

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now