ညတစ္ဆေ (အပိုင်း - ၃)

134 9 0
                                    

(၁၃)

စိုးမင်းနှင့်ဘခက်တို့ ညီအစ်ကိုနှစ်ယောက် အဆောင်နှင့် မနီးမဝေးက စားသောက်ဆိုင် တစ်ဆိုင်တွင် စားကြသောက်ကြရင်း စကားပြောနေကြသည်။

ဘခက်က ငယ်က အကြောင်းများပြောရင်း ရယ်မောနေပေမဲ့ ညီဖြစ်သူ စိုးမင်းက တစ်ခါတစ်ခါ ငေးငိုင်သွား၍ ...

"ညီလေး ... ဘာဖြစ်နေတာလဲဟ၊ ခါတိုင်းဆို မင်း ရယ်စရာ အတော်ပြောတဲ့ကောင်၊ အခု ငြိမ်လှချီလားကွ ...၊ ဘာ အခက်ခဲရှိလဲ အစ်ကို့ကို ပြောပြလေ ... ငါ့ညီရဲ့"

ဘခက်က ရဲပီပီ သူ့ညီမျက်နှာကို အကဲခတ်၍ မေးလိုက်သည်။ စိုးမင်းက ထိုအခါမှ အစ်ကိုဖြစ်သူအား ရယ်ပြကာ

"ဘာမှ မဟုတ်ပါဘူး အစ်ကိုဘခက်ရာ၊ သူ့ဟာသူ အဆင်ပြေသွားမှာပါ ... နေပါစေတော့ ..."

"ဟကောင် ... စိုးမင်းရ၊ ဘာတွေပြောနေတာလဲဟ၊ အစမရှိ၊ အဆုံးမရှိနဲ့၊ အရင်းအဖျား မသိရပဲ နေပါစေတော့ လုပ်နေတယ်၊ ပြောစမ်းကွာ ... ဘာဖြစ်တာလဲ ..."

ဘခက်က လေသံမာမာဖြင့် ပြောလိုက်မှ စိုးမင်းက သူ၏ အချစ်ဇာတ်လမ်းကို ဖွင့်ပြောပြလေသည်။

ဘခက်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ပြီး ...

"မင်းဟာက အခက်သားကွ၊ ငါက ရဲဆိုတော့ ဥပဒေရှုထောင့်ကပဲ သုံးသပ် အကြံပေးလို့ရမယ် ငါ့ညီ၊ အခုချိန်မှာ မင်း ဘာမှ မလုပ်ပဲ အလိုက်သင့်ငြိမ်နေပါ ညီလေး၊ မင်းကောင်မလေးက အခုမှ ဆယ်တန်းဆိုတော့ အသက် မပြည့်သေးဘူးကွ၊ မင်း ဇွတ်အတင်း ရှေ့ဆက်တိုးရင် ထောင်ထဲ ကားခနဲ ဝင်သွားရလိမ့်မယ် ... ငါ့ညီရေ"

"အာ ... အစ်ကိုဘခက်ကလည်း ကျွန်တော်ပြောတာက ကောင်မလေးကို အခုယူဖို့ ပေါင်းဖို့ ပြောတာ မဟုတ်ပါဘူး သူ အားငယ်နေတဲ့ အချိန် ဘေးနားကနေ အားပေးချင်ရုံ သက်သက်ပါ ..."

"အေးပါကွာ ... အဲဒါကလည်း၊ မင်း'ချစ်သူရဲ့အစ်ကိုကို နားလည်အောင် ပြောပြပေါ့၊ တကယ် မြတ်နိုးတဲ့အကြောင်း၊ သူ့ညီမကို ရိုးမြေကျ ချစ်မယ် ဆိုတဲ့အကြောင်း မင်း' သူငယ်ချင်းကို အရင်စည်းရုံးပေါ့ကွာ၊ သူက pass ပေးလိုက်ရင် မင်းတို့ အရင်လို ဖုန်းပြောခွင့် ပြန်ရနိုင်ပါတယ် ... ငါ့ညီရဲ့ ..."

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now