လှေဦးထိပ်မှာ (အပိုင်း ၂)

107 7 0
                                    

Part 4

၈။ မှော်ဝင် လက်စွပ်

လေနုအေးလေး တသုန်သုန် ဖြူးနေပါ၏။ အုံ့ဆိုင်းဆိုင်း မန်းကျီးပင်အိုကြီး၏ အောက်က ဝါးကွပ်ပြစ်လေးပေါ်မှာ ဦးကံဦးနှင့်ဒေါ်ရင်မြတို့ စိမ်ပြေနပြေ ထိုင်လျက် ရှိကြပါသည်။

"ကိုကံဦး ... ရှင့်မိတ်ဆွေတွေဆီ အသေအချာ ဖုန်းဆက်ထားရဲ့လား။ သူတို့ရောက်နေမှ ကျွန်မတို့က ရွာကိုရောက်နေတယ်ဆိုတော့ တယ်မကောင်းလှဘူးရှင် ...။ အားနာစရာကြီး"

"ငါကိုထွန်းမြတ်နဲ့ ပြောပြီးပါပြီကွာ၊ သူတို့က နောက်တစ်ပါတ်ထဲ လာမယ်ပြောထားရင်း ကြိုထွက်လာတာမို့၊ ရွာက အလှုပြီးမှသာ ပြန်ခဲ့ပါတဲ့။ မင်းရဲ့သားကလည်း ဧည့်ဝတ်ကျေပါသတဲ့ဟ။ မနက်ဖြန် နေ့လယ်ဆို ငါတို့ ပြန်ကြမှာပဲမဟုတ်လား ..."

"အဲဒါဆိုလည်း ပြီးပါလေရောတော်၊ ကျွန်မက သူတို့မိသားစုကို အားနာနေလို့ပါ ..."

ဒေါ်ရင်မြ ထိုသို့ ပြောပြီးနောက် ... ရေစပ်က လှေငယ်လေးဆီကို ငေးနေလိုက်ပြန်သည်။

ဦးကံဦးကတော့ မြင်းခြံထွက် စကားဝါ ဆေးပေါ့လိပ်ကို ရဲကနဲနေအောင် ဖွာရှိုက်နေလေ၏။

ဒေါ်ရင်မြ အတွေးတွေက အတိတ်ဆီသို့ လူးလာခေါက်တုံ့ ပြန်နေမိသည်။ သူမတို့ ဤယာတဲအိမ်လေးကနေ ပြောင်းပြေးခဲ့ကြသည်မှာ အနှစ်၂၀ကျော်ခဲ့လေပြီ။

မန္တလေးမှာ ကိုကံဦး ကျွမ်းကျင်သော ပွဲရုံလုပ်ငန်းဖြင့် သူတို့ ဇာတ်မြုပ်နေခဲ့ကြသည်မှာ နှစ်အတော်ကြာ၏။

ကိုကံဦးက မရင်မြ၏ဖခင်ပိုင်သောမြပွဲရုံမှာ အောက်သက်ကြေ လုပ်ငန်းကျွမ်းကျင်ခဲ့၍ ပွဲရုံလုပ်ငန်းက အကျိုးပေးကောင်းခဲ့သည်။

မိတ်ကောင်းဆွေကောင်းများနှင့်လည်း ဆုံတွေ့ခဲ့ရသည်။ ယခု မန္တလေးမှာရောက်နေသော ဦးထွန်းမြတ်သည် ကိုကံဦး ပွဲရုံစထောင်ခါစမှာ အကူအညီများစွာ ပေးခဲ့သူ ဖြစ်သည်။

မရင်မြ မန္တလေးမြို့ မှာ သားမောင်နေမျိုးကို ဖွားမြင်ခဲ့၏။ နေမျိုးကို မွေးပြီးနောက်ထပ် ကလေး မရ။ ထူးဆန်း၏။ သန္ဓေတားဆေး ထိုးဆေး ဘာကိုမှမသုံးပဲ ကလေးထပ်မရတော့ချေ။

ပီပီ(မန္တလေး)၏ ဇာတ်လမ်းများWhere stories live. Discover now