Chapter 28- Julien 27

3.6K 572 28
                                    

Unicode

လော့ဝမ့်ကျိုးတစ်ယောက် ဆေးရုံကုတင်ပေါ် မှောက်ခုံကြီး လှဲရင်း ပျင်းရိနေ၏။ ဆေးရုံမှ ထွက်ပြေးထားသည့် ပြစ်မှုဟောင်းကြောင့် စောင့်ကြည့်ခံရသည့်စာရင်းထဲ ပါနေသည်။ ခပ်လှမ်းလှမ်းတွင် ထောက်ရန်က ဆရာဝန်နှင့် စကားပြောနေသည်ကို ကြားရ၏။ ခဏကြာတော့ ဆရာဝန်လဲ ပြန်ထွက်သွားကာ အခန်းတံခါးပြန်ပွင့်သံကိုကြားရ၏။ ထို့နောက်တွင်တော့ ​သူ့ဆီလာနေသည့် ခြေသံများ..

လော့ဝမ့်ကျိုးက ခေါင်းထဲတွင် ကြိုစဥ်းစားထားသည့် စကားများပြောချလိုက်သည်။
" ငါတော့ ဒီတောင်ကို ကျော်နိုင်မယ်မထင်ဘူး...မင်း. လူကောင်းတစ်ယောက်ရှာပြီး လက်ထပ်လိုက်ပါကွာ.. ဒါပေမဲ့ မင်း အိမ်ထောင်ပြုသွားရင်တောင်မှ လော့ရိကောလေးကိုတော့ ပစ်မထားခဲ့ပါနဲ့.. ရိကောလေးက ဘဝကြမ်းတမ်းခဲ့တာ.. မိတဆိုးလေးဆိုတော့...

ထောက်ရန်မှာ ကြက်မွေးများပါးစပ်ထဲ ဝင်နေသလို တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်။

လော့ဝမ့်ကျိုးက ထောက်ရန်အသံမူမမှန်၍ လှည့်ကြည့်လိုက်တော့ ဒါရိုက်တာလုက လက်နောက်ပစ်ရင်း သူ့ကိုကြည့်နေသည်။

ထို့နောက် ဒါရိုက်တာလုက ရည်ရည်မွန်မွန် ပြန်ဖြေသည်။
" ငါလဲ အဲ့လို မျှော်လင့်ပါတယ်.. ဒါပေမဲ့ ငါ့အသက်က ကြီးနေပြီဆိုတော့ လက်ထပ်ဖို့တော့ မဖြစ်နိုင်လောက်တော့ဘူး"

လော့ဝမ့်ကျိုးက ချက်ချင်းထထိုင်လိုက်၏။
" ဒါရိုက်တာ လု.."

လုရိုလျန်က လက်ဆွဲအိတ်ကိုဘေးချ၍ ဝင်ထိုင်ကာ ဆံပင်တစ်ချက်သပ်လိုက်သည်။ ထို့နောက် သူ့ခေါင်းသူ ထိုးပြသည်။
" မျောက်လောင်းတွေ.. တွေ့လား.. မင်းတို့လုပ်တာ တစ်ညထဲနဲ့ ဆံပင်ဖြူတွေ တိုးလာတယ်"

ထိုင်နေသည့် လော့ဝမ့်ကျိုးရော ရပ်နေသည့် ထောက်ရန်ကပါ စကားမပြောရဲကြ။

" ဒီမနက် ငါ ဖုန်းတွေ အများကြီးဖြေတယ်.. ဝမ်ဟုန်လျန်ဆီလဲ သွားရသေးတယ်"
လုရိုလျန်က သက်ပြင်းချ၏။
" ဝမ်ဟုန်လျန် သက်ကြားအိုကြီးက ငါ့အင်္ကျီစကိုဆွဲပြီး ငိုပြနေသေးတယ်.. သူ့စီမံချက် ညံ့တယ်ဘာညာနဲ့.. ခေါင်းဆောင်ပိုင်းက ပြဿနာရှိနေတယ်လို့ပြောသေးတာ.. ဒီကိစ္စကို ဒီအတိုင်းကျော်သွားခွင့်မပြုဘူးတဲ့. ဒီကောင်..."

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now