Chapter 52 - Humbert Humbert 19

3.6K 658 73
                                    

Unicode

ရုတ်တရက် ဖေးတုတစ်ယောက် တုံးအသွားပြီး မြို့လယ်ကောင်တွင် တရားမဝင်ကားပြိုင်မောင်းကာ လော့ဝမ့်ကျိုးကိုယ်တိုင် ဖမ်းဆီး၍ ထောင်ထဲ ထည့်လိုက်မိရင်တောင်မှ ဖေးတုခုနပြောလိုက်သည့်စကားထက် အံ့ဩမိသွားလိမ့်မည်မဟုတ်။

လော့ဝမ့်ကျိုး နားထင်များ တဒိန်းဒိန်းနှင့် သွေးခုန်နှုန်းများ တိုးလာသည်။ တစ်ညလုံး အိပ်မရလို့ ပူထူနေသည့်ခေါင်းကို စောစောကမှ ရေလောင်းချထားသော်လဲ ချက်ချင်းအပူပြန်တက်လာသည်။ ဧပြီလတွင် ဝင်ရမည့် ကျောင်းဆိုသည်မှာ ဖေးတုတစ်ယောက် သူများတွေထက် ဘယ်လောက်ချမ်းသာကာ အဆက်အသွယ်ကောင်း၍ တခြားသူတွေထက် တော်သည်ဆိုတာတောင် မနှစ်ထဲက စတင်ပြင်ဆင်ရ မည်ဖြစ်၏။

ဘာလို့လဲ...

ဘယ်တုန်းကများ ကျောင်းသုတေသနတွေ သွားလုပ်လိုက်တာလဲ... စိတ်ပျက်ပြီး လုပ်စရာလုံးဝမရှိတော့လို့လား.. ထောက်ရန်နဲ့ အနီးကပ် အတူရှိနေချင်လို့လား.. ဒါမှမဟုတ် စည်းစိမ်အပြည့်ခံစားရတဲ့ ဘဝကို ငြီးငွေ့သွားလို့များလား...

ထိုအချိန်တွင် အောက်ထပ်မှ နည်းနည်းလူကြပ်လာ၍ထင်သည်။ အမျိုးသမီးကြီးတစ်ဦးကိုင်ထားသော ဓာတ်ပုံတစ်ပုံ တွန်းတိုက်ခံလိုက်ရ၍ ပြုတ်ကျသွားသည်။ သူမက ချက်ချင်းလိုက်ကောက်ပေမဲ့ လေအရှိန်က ဓာတ်ပုံဟောင်းကို ပို၍ဝေးသွားအောင် တိုက်ခတ်နေသည်။ တကယ်တော့ ထိုအချင်းအရာမှာ မတော်တဆသက်သက်သာ ဖြစ်၏။ သို့သော် နဂိုကတည်းကမှ ထိခိုက်ကြေကွဲလွယ်နေသည့်အချိန်ဖြစ်ရာ နိမိတ်ပြလိုက်သလို ခံစားလိုက်ရသည်။ ထို့ကြောင့် ထိုအမျိုးသမီးမှာ ရုတ်တရက် ထိုင်ချကာ မျက်ရည်များကျလာလေသည်။

စူးစူးရှရှ အော်ဟစ်ငိုကြွေးသံက ကော်ရစ်ဒါတစ်လျှောက် ပျံ့လွင့်လာသည်။ ​ထိုကဲ့သို့ ဆူညံပွက်လောက်ရိုက်နေသည့်အချိန်တွင် မှုခင်းနည်းပညာရှင်တစ်ယောက် သူတို့ဆီလျှောက်လာ၏။
" ခေါင်းဆောင်လော့.. ဆရာပို့လိုက်တဲ့ ပစ္စည်းရဲ့ ရလဒ်ထွက်လာပါပြီ.. သွေးက ချူးထုံရဲ့သွေးဟုတ်ပါတယ်"

လော့ဝမ့်ကျိုးက အသက်ပြင်းပြင်းရှူရင်း ဖေးတုကို ခဏစိုက်ကြည့်နေလိုက်သေးသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောပဲ ဒါရိုက်တာလု ရုံးခန်းထဲ ဝင်သွား၏။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now