Chapter 112 - Verhovensky 22

3.3K 597 163
                                    

Unicode

ဖေးတု၏ မျက်နှာအမူအရာမှာ အပူချိန် သုညမှတ်အောက် ငါးဒီဂရီလောက် ကျဆင်းသွားသလို အေးစက်တောင့်တင်းနေသည်။ ​ကြောင်အနေကာ အတော်ကြာသည်အထိ ရပ်နေ၏။ သို့သော် လော့ရိကောကသူ့ရေခွက်ထဲမှ နွားနို့များအားလုံး ပြောင်အောင်လျက်ပြီး အမြီးခါလိုက်သည့်အချိန် ဖေးတု၏ ဘောင်းဘီအစွန်းနှင့် တိုက်မိသွား၏။ ထိုအခါကျမှ အိပ်မက်ထဲက လန့်နိုးလာသူလို ဖေးတု အသိစိတ်ပြန်ဝင်လာသည်။ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသော လော့ဝမ့်ကျိုးမှာလဲ တစ်ခုခု ခံစားမိလိုက်သလိုနှင့် လက်သီးဆုပ်ကို ဖြေလိုက်သည်။

ဖေးတုက ခေါင်းငုံ့ကာ ဝတုတ်လေး လော့ရိကောနှင့် မျက်လုံးချင်းဆုံလိုက်သည်။
" မင်းကလဲကွာ.. လန့်သေတော့မှာပဲ"

မီးတောင်မှ ချော်ရည်ပူများ စီးကျနေသလို လည်ပတ်နေသည့် လော့ဝမ့်ကျိုး၏ နှလုံးသားမှာ တဖြည်းဖြည်းချင်း အေးစက်လာသည်။ အဆက်မပြတ်တုန်ခါနေမှုတို့လဲ ရပ်တန့်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ပေါက်ကွဲသွားသော မီးတောင်ကြောင့် ပြာအဖြစ် မြေပြင်တွင် စုပုံနေကြ၏။

အချိန်ရွေးမှားသွားသည်ကို သူ သေချာသဘောပေါက်သွား၏။

ဖေးတုကို သူ့အိမ်ခေါ်လာပြီးကတည်းက လော့ဝမ့်ကျိုး၏ စိတ်ရှည်မှုတို့ တဖြည်းဖြည်းနည်းလာကာ ခံစားချက်များကိုလဲ အရင်ကလို မထိန်းချုပ်နိုင်ခဲ့။ အရင်က စဉ်းစားထားသည့် ဖြည်းဖြည်းနှင့် မှန်မှန်လေး သွားမည်ဆိုသော အခြေအနေမှ ခွေးရူးကဲ့သို့ ဖေးတုကို မထိမကိုင်ရ မနေနိုင်။ ဆည်ကျိုးလာသော ရေစီးကြောင်းကဲ့သို့ ဖေးတုအပေါ် ခံစားချက်များကိုလဲ ထိန်း၍ မရနိုင်။ ချိုသာသော စကားလုံးများကိုလဲ မပြောရမနေနိုင်။ တစ်လုံးနှစ်လုံးလဲ မက။

ဖေးတုနှင့် အတူနေသည်မှာ ရက်အနည်းသာ ရှိသေးသော်လဲ ပြောင်းလဲလာသော အခြေအနေကြီးကြောင့် သူ၏ ပထမအစီအစဉ်တွင် ပေါက်ပြဲရာများ များစွာ ရှိနေကာ ပြန်ဖာထေး၍ မရနိုင်သည့် ကြမ်းတိုက်ဝတ်တစ်ခုလို ဖြစ်ခဲ့သည်။

ထို့နောက် သူ့ကိုဒုက္ခပေးလွန်းသော ဟိုလင်မယားကပါ လာ၍ ပြဿနာရှာသွားသေးသည်။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedHikayelerin yaşadığı yer. Şimdi keşfedin