Chapter 146- Edmond Dantés 17

2.8K 482 40
                                    

Unicode

သာမန်လူတစ်ယောက်က လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်အပျက်ကို မမှတ်မိဘူးဆိုသည်က ပုံမှန်ဖြစ်သည်။ လော့ဝမ့်ကျိုးဆို ငယ်ရွယ်စဉ်က ကလေးကစားစရာသေနတ်ဖြင့် မီးသွေးခဲများကွဲအောင် လိုက်ပစ်တတ်သဖြင့် ရဲဘော်မုရှောက်ချင်က သူ့ကို လိုက်ရိုက်ခဲ့သည်ကိုပင် မမှတ်မိတော့။ သို့သော် ထူးဆန်းသည်က ဖေးတုမှာ ထိုကိစ္စမတိုငိခင်ကိုရော ဖြစ်ပြီးနောက်ပိုင်းကိုပါ သေချာမှတ်မိနေသည်။ ဖေးချန်းယွီ၏ အသံနေအသံထားကိုပါ ပြန်ပြောနိုင်သော သူတစ်ယောက်က ဘာလို့ အဲ့ဒီ့အပိုင်းလေးကို မမှတ်မိပဲ ဖြစ်နေရတာလဲ...

သို့သော် ဖေးတု၏ အခြေအနေက မေးခွန်းဆက်မေးရန် မသင့်တော်တော့ပေ။ ထို့ကြောင့် လော့ဝမ့်ကျိုးက ဖေးတုကို သူ့လက်မောင်းပေါ် အိပ်စေကာ ကိုယ်ပူချိန် စမ်းကြည့်ရင်း သူ စနောက်တာ လွန်သွား၍များ ဖေးတု အအေးမိသွားလားဟု သံသယဝင်နေသည်။ သို့သော် အခန်းအပူချိန်မှာ ၂၇သာ ရှိသည့်အတွက် လက်တိုဝတ်ထားရင်တောင် အအေးဒဏ်ကို မခံစားရ။ လော့ဝမ့်ကျိုးက ဘာအကြောင်းကြောင့် ဖေးတု ဖျားသွားရသည်ကို လုံးဝတွေးမရ။ နောက်ဆုံးတော့ အဖြေတစ်ခုသာ ထွက်လာသည်။ ဖေးတုက အပူပိုင်းဒေသငါးစာရင်းဝင်ဖြစ်နိုင်ပြီး  အတော်အားနည်းပုံရလေသည်။

သို့သော် ဖေးတုမှာ ပြင်းထန်သော လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး နွမ်းနယ်နေသည့်တိုင် စိတ်တို့က အနားမရနိုင်ပဲ ​လျှောက်သွားနေသည်။  ခန္ဓာကိုယ်က အိပ်ပျော်နေသော်လဲ စိတ်အစဉ်က နေရာတကာ ပျံ့လွင့်နေ၏။

ပထမဆုံး သူ့အိပ်မက်ထဲတွင် လော့ရိကောအတွက် ကြောင်စာတစ်ဘူး ထုတ်သည်။ သို့သော် အဖုံးဖွင့်ရန် မေ့သွား၏။ ထို့နောက် လော့ဝမ့်ကျိုးက သူ့ကို စိတ်ဆိုးနေသည်ဟု အိပ်မက်မက်ပြန်သည်။ သူ ဘယ်လောက်ချော့ချော့ သူ့ကို အရေးမလုပ်။ နောက်ဆုံး ထောက်ရန် ဆေးရုံတက်ရသည့်နေ့ကို ပြန်ရောက်သွားသည်။ ထူးဆန်းသည်က ထိုနေ့က ဖေးတုနှင့် လော့ဝမ့်ကျိုးတို့ ဆေးရုံရောက်သွားသည့်အချိန် ထောက်ရန်က အရေးပေါ်ခန်းထဲ ရောက်နှင့်နေပြီးဖြစ်၏။ အခြေအနေတို့ တည်ငြိမ်သွားပြီးတာတောင်မှ ထောက်ရန်ကို သူတို့ခဏပဲ ကြည့်ခဲ့ရသည်။ နောက်ပိုင်း သာမန်လူနာခန်းရောက်မှသာ သေချာမြင်ခဲ့ရခြင်းဖြစ်၏။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now