Chapter 84- Macbeth 25

3.7K 640 141
                                    

Unicode

warning~ အသက်မပြည့်သေးတဲ့သူတွေနဲ့ စိတ်မခိုင်တဲ့သူတွေ မဖတ်ဖို့ မေတ္တာရပ်ခံပါတယ်ရှင့် ~

ကျန်းခိုင်ဖုန်းလို လောဘကြီးပြီး ရဲတင်းလွန်းတဲ့သူက သူ့ကိုယ်သူ အသေခံပြီး ဗုံးခွဲပါ့မလား...

တကယ်လို့ တစ်စုံတစ်ယောက်က သူ့ကိုသတ်ဖို့ အကွက်ဆင်ထားတာဆိုရင် ဒီဗုံးကို ထရပ်ကားထဲ တပ်တာ ဘယ်သူဖြစ်လောက်လဲ...

ဘယ်သူတစ်ဦးတစ်ယောက်မှ မသိအောင်တောင် ဗုံးဆင်နိုင်သော လူသတ်သမားက တခြားလွယ်တဲ့နည်းလမ်းများဖြစ်သည့် ဓားနှင့်ထိုးသတ်တာတို့ ကားခိုးပြီး တိုက်တာမျိုးတို့ မလုပ်ရတာလဲ..

ဘာလို့ လူသတ်သမားတွေက အခုတလော အလုပ်သေချာမလုပ်ချင်ပဲ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူချင်နေရတာလဲ...

အဆိုပါ မေးခွန်းများက ထပ်ခါထပ်ခါ ဝင်ရောက်နေသည်။

သို့သော် ဖေးတုစိတ်ထဲတွင် Black holes များက အမြဲလိုလို လည်ပတ်နေရာ ရုတ်တရက် Big Bang သီအိုရီတစ်ရပ် ပေါ်လာခဲ့သည်။ သူ့အတွေးများအားလုံး ပျောက်ရှကာ စိတ်မထိန်းနိုင်ခဲ့။

လော့ဝမ့်ကျိုး၏ ဘောင်းဘီမှ ရောင်ပြန်နေသော အလင်းတန်းနှင့် ရဲကားထံမှ မီးအလင်းများ ရောသွား၍လဲ ဖြစ်နိုင်သည်။ ထိုအရာများ စုပေါင်းကာ ကြောက်သွားသည်လဲ ဖြစ်နိုင်၏။ အဆိုပါ ဟာသမှာ လော့ဝမ့်ကျိုးတစ်ဘဝလုံး သူ့ကို လှောင်ပြောင်နေလို့ ရသွားလောက်၏။

သို့သော် အဆိုပါ အခိုက်အတန့်လေးတွင် ဖေးတုက အလိုလိုသိစိတ်နောက် လိုက်ကာ လှုပ်ရှားမိလိုက်ခြင်းဖြစ်၏။

နောက်ကွယ်တွင် ဘယ်လိုအကြောင်းရင်းမှ မရှိ။

လော့ဝမ့်ကျိုးက ထရပ်ကားတံခါးကို ခေါက်ကာ ကျန်းခိုင်ဖုန်းကို လှမ်းခေါ်နေစဉ်က ဖေးတုက ဘာသံမှ မထွက်ပဲ လော့ဝမ့်ကျိုးကို သူ့ကိုယ်နှင့်ကွယ်၍ SUV နောက်ထဲရောက်အောင် တွန်းလွှတ်ခဲ့သည်။ ဖေးတုက SUVကားတံခါးကိုလက်တစ်ဖက်နှင့် လှမ်းကိုင်ကာ မတည်မငြိမ်​ဖြစ်နေသော လော့ဝမ့်ကျိုးကို ကားထဲ သွင်းရန်ကြိုးစား၏။

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedTempat cerita menjadi hidup. Temukan sekarang