Chapter 33- Reading Out Loud ( Julien အမှုအဆုံးသတ်)

4.3K 648 59
                                    

Unicode

ရက်သတ္တပတ်အဆုံးရောက်တော့ မိမိကိုယ်ကို သတ်သေမည့်သူအား ကောင်းကင်ဖန်သားပြင်ပေါ်မှ ကယ်တင်ခဲ့သည့်အကြောင်း ပျံ့နှံ့သွားသည်။ တနင်္လာနေ့မနက် ဖေးတု ကုမ္ပဏီလာသည့်အချိန် ကားထဲမှပင် မထွက်ရသေးပဲ သတင်းထောက်အုပ်စုနှစ်စု အဝိုင်းခံနေရသည်။ နေ့ချင်းညချင်း ဆယ်လီဖြစ်သွားသလို ခံစားလိုက်ရ၏။

ရုံးခန်းထဲ ရောက်တော့လဲ ဒါရိုက်တာဖေး၏ အေးစက်စက်အငွေ့များ ပြည့်နေသော ရုံးခန်းမှာ ချက်ချင်းနွေးထွေးလာသည်။ အတွင်းရေးမှူးနှင့် တခြားမိန်းကလေးများကလဲ သူ့စွန့်စားခန်းကြီးကို မေးနေကြသည်။ ထို့နောက် ပြည်သူ့တာဝန်ခံဟူသော theme မျိုးနှင့် ကုမ္ပဏီကိုကြော်ညာရန် အားထုတ်ကြ၏။

အသစ်ထွက်လာသော အကြံကို အသေအချာချရေးပြီးနောက် အတွင်းရေးမှူးမလေးက ပြောစရာရှိနေသလို အကြာကြီး ရပ်စောင့်နေသည်။ နောက်မှ မနေနိုင်တော့သည့်နှယ် ထုတ်မေးလိုက်သည်။
" ဒါရိုက်တာဖေး.. ဟို အဲ့ဒီကောင်းကင်ဖန်သားပြင်မှာ ပြောခဲ့တာတွေအားလုံးက အမှန်တွေပဲလား"

" ဟင်း"
ဖေးတုက သူ့အလုပ်ချိန်ကို စစ်ဆေးနေရင်း လှောင်ပြုံးလေးတစ်ချက် ပြုံးပြသည်။
" သေချာပေါက် မဟုတ်ဘူးပေါ့.. ငါ့နောက်မှာ သတ်သေတဲ့လူတွေကို တားဆီးတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိနေတာ.. သူတို့စောင့်ကြည့်နေတုန်း ပြောချင်သလို ပြောလို့မှ မရပဲ.. နေပါဦး.. မင်းက အဲ့ဒါကို တကယ်လို့ ထင်သွားတာလား.. ချစ်ဖို့ကောင်းလိုက်တာ"

အတွင်းရေးမှူးမလေးက မျက်လုံးများနီနေရာမှ ပါးလေးများရဲကာ ရှက်သွား၍ လှည့်ထွက်လာလိုက်သည်။

" အာ နေပါဦး.."
ဖေးတုက ဆက်ပြုံးနေသည်။
" ငါ့ရဲ့ မျက်နှာချောချောလေးကို ပြစားရမဲ့ အစည်းအဝေးတို့ ဘာတို့များ မရှိဘူးလား

အတွင်းရေးမှူးမလေးမှာ စောစောက ခံစားနေရသည့် မိခင်မေတ္တာကို ခွေးကျွေးလိုက်ပြီဖြစ်၏။ တိတ်တဆိတ် မျက်စောင်းထိုးကာ ပြန်ဖြေသည်။
" မရှိပါဘူး... အခုတလော အဲ့လိုရောင်းစားရမဲ့ အလုပ်မျိုး မရှိသေးဘူး"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedOù les histoires vivent. Découvrez maintenant