Chapter 31 - Julien 30

3.7K 633 20
                                    

Unicode

တစ်မိနစ်လေးမှ မအိပ်ထားရသည့် အရာရှိထောက်.. ဆေးရုံမှ ထွက်ပြေးလာသည့် ခေါင်းဆောင်လော့တို့နှင့် ခြားနားစွာ ဒါရိုက်တာဖေးက ဆုပေးပွဲအခမ်းအနားတက်သလို ကျော့မော့စွာ ဝတ်စားလာသည်။

ထိုအမျိုးသားမှာ အင်္ကျီထပ်လဲလာသည်။ formal မကျတကျ အပြင်အဆင်က တစ်ဖက်လူကို ရှိန်စေသလို တစ်ချိန်ထဲတွင် မြှူဆွယ်နေလေသည်။ ခပ်ရှည်ရှည် ဆံသားပျော့ပျော့တို့က ဝဲကျနေကာ ပါဝါမပါသည့် သတ္တုကိုင်းမျက်မှန်က လူကြီးလူကောင်းယောင်ဆောင်သည့် သားရဲများကဲ့သို့ပင်။ ရေမွှေးနံ့တောင် ပြောင်းလာသေးသည်။

တခြားသော အရာရှိများကဲ့သို့ပင် ဖေးတုမှာ ဝမ်ရှိုးကျွမ်ကို စောင့်ပေးရင် တစ်ညလုံးမအိပ်ခဲ့ရ။ ဒီမနက် စစ်ဆေးရေးခန်းထဲတွင်ပင် ဖေးတု ကူညီပေးသည်ဟု တချို့က ပြောသေးသည်။ ဘယ်အချိန်ကများ ဒီလိုပြင်ဆင်ခဲ့တာပါလိမ့်...

လော့ဝမ့်ကျိုးမှာ သူ့ကိုယ်သူ ကမ္ဘာ့အချောဆုံးဟု ချွင်းချက်မရှိ ထင်ထားသူဖြစ်၏။ သို့သော် အခုလို အချိန်လုနေရချိန် ရုတ်တရက်ထွက်ပေါ်လာသည့် ဒေါင်း၏ ရိုက်ချက်ကြောင့် ပစ်လဲသွားသည်ကိုတော့ မခံနိုင်။ အထူးသဖြင့် ထိုဒေါင်းစုတ်က သူ့ကို မျက်မှန်ထဲမှ အန္တရာယ်ရှိစွာ ကြည့်နေသည့်အချိန်မျိုးတွင်ပေါ့...

လော့ဝမ့်ကျိုးက လည်ချောင်းရှင်းကာ ရှက်ဒေါသထွက်နေသည့်အသံမှ အရိုးသားဆုံးလေသံကို ပြောင်းလိုက်သည်။

ထို့နောက် လေးနက်စွာနှင့် စကားစသည်။
" ကျောက်ဟောက်ချန်ရဲ့ လျှို့ဝှက်အိမ်က မြေအောက်ခန်းမှာ သူ စုဆောင်းထားတဲ့ ပစ္စည်းတွေရှိတယ်... မင်းပြောတဲ့အတိုင်းပဲ.. ငါပြောမယ် ဥက္ကဋ္ဌဖေး.. လေးစားစွာနဲ့ပဲ.. မင်းအရမ်းတော်ပါတယ်.. အနှစ်နှစ်ဆယ်လောက် psychopath လုပ်လာတဲ့ pro ကြီးပါပဲ"

ထောက်ရန်က သွားနာနေသလို အံကြိတ်ထားရင်းက ပြန်ပြောသည်။
" ငါ အခု နေရ တအားခက်နေတယ်.. မင်းတို့ ငါပြောတာ နားလည်ကြတယ်ဆိုရင်.."

သူ့ဘက်က လူတိုက်ခိုက်တာ ခံလိုက်ရသဖြင့် ခေါင်းဆောင်လော့က မျက်နှာရှုံ့မဲ့ကာ ဆက်ပြောသည်။
" အဲ့ဒီ့တော့.. မင်း ဒီကို ဘာလာလုပ်ပြန်တာလဲ.. မင်းမှာ အလုပ်လုပ်စရာ ကုမ္ပဏီမရှိတော့ဘူးလား.. ဒေဝါလီခံသွားပြီလား"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now