Chapter 69- Macbeth 10

3.7K 627 59
                                    

Unicode

" သခင်လေးဖေး"
ကျိုးဟွိုက်ရှင်းက တစ်ကိုယ်လုံး တောင့်တင်းကာ သူ့ဘက်လှည့်၍ ပြုံးပြရန် ကြိုးစားသည်။
" မင်း ဘာပြောလိုက်တာလဲ"

ဖေးတုက အနောက်လှည့်ကြည့်သည်။ ကျိုးအိမ်တော်တွင် လူများ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နှင့် ဘယ်သူမှ သူတို့ရှိရာကို လှည့်မကြည့်ကြ။ ထို့နောက် ဖေးတုက ရေချိုးခန်းတံခါးကို ပိတ်လိုက်သည်။ အခန်းထဲမှ မီးရောင်မှိန်မှိန်ကြောင့် မျက်လုံး မျက်ခုံးများ ကျုံ့ထားရသည့်အတွက် ခဲချွန်နှင့် ဆွဲထားသည့် ပန်းချီတစ်ချပ်နှင့်ပင် တူနေသေး၏။

" ဟန်မဆောင်နေပါနဲ့ဗျာ.. ကျွန်တော်တို့က မနေ့ကမှ စတွေ့ကြတာ မဟုတ်ဘူးလေ"
ဖေးတုက တံခါးကိုမှီ၍ သက်တောင့်သက်သာနှင့်ရပ်ကာ ကျိုးဟွိုက်ရှင်းကို ပြုံးကြည့်နေသည်။
" ခင်ဗျားက ခင်ဗျားအဖေကို တစ်နှစ်မှာ ဘယ်နှခါမှတောင် တွေ့ရတာမဟုတ်ဘူး.. ခင်ဗျားမိသားစုရဲ့ ပိုင်ဆိုင်မှုတွေရော တရားဝင်သား တိတ်တိတ်ပုန်းသား ဘာတစ်ခုကိုမှ ဂရုစိုက်တာမှမဟုတ်တာ.. မနေ့ကနေ အခုချိန်ထိ ခင်ဗျားပါးစပ်က ထွက်တဲ့ စကားတွေထဲမှာ ဥက္ကဋ္ဌဟူရဲ့ လက်ထဲက ဖုန်းဆွဲလုတဲ့အချိန်တစ်ချိန်ပဲ အမှန်အတိုင်း ပြောခဲ့တာလို့ ကျွန်တော်ထင်တယ်"

ကျိုးဟွိုက်ရှင်းက သူ့ဘက်လှည့်ကာ ဘေစင်ကိုမှီ၍ မျက်မှောင်ကျုံ့ရင်း ဖေးတုကို တိတ်ဆိတ်စွာ ကြည့်နေသည်။

" ယန်ပေါ်က ခင်ဗျားအဖေရဲ့ တိတ်တိတ်ပုန်းသားဆိုရင်တောင်မှ အသိအမှတ်ပြုခံရဖို့ သူ ဒီလောက်ကြီး ကြိုးစားနေစရာ အကြောင်းမရှိဘူး.. ခင်ဗျားတို့ရဲ့ အဖိုးကြီး ရေခဲတိုက်ထဲ လှဲနေရတဲ့အချိန် သူ ဒီနိုင်ငံကို အလွယ်တကူပြန်လာပြီးတော့ ဖခင်ရင်းဖြစ်​ကြောင်း စစ်ဆေးဖို့ တောင်းဆိုလို့ရတယ်.. ပြန်ပေးဆွဲတာတို့ လူသတ်တာတို့ လုပ်လို့ သူ ဘာရမှာလဲ.. သူ့မှာ ဒီ့ထက်လုပ်စရာတွေ အများကြီးရှိနေတာ မဟုတ်ဘူးလား"

" ဖခင်ရင်းဖြစ်ကြောင်း တောင်းဆိုချင်တိုင်း တောင်းဆိုလို့ရလို့လား.. မင်းက ငါနဲ့ ငါ့အစ်ကို သေသွားတဲ့အတိုင်း ပြောနေတာပဲ.. ငါတို့ အဲ့အဖိုးကြီးကို ဆံပင်တစ်မွှေးမှ မကျန်အောင် မီးရှို့ပစ်မှာ"
ကျိုးဟွိုက်ရှင်းက မဲ့ပြုံးပြုံးသည်။
" ပိုက်ဆံရဖို့ လုပ်တာပဲဖြစ်မှာပေါ့.. ကိုယ့်ကိုကိုယ် နှိမ့်ချတတ်တယ်လို့ ဟန်ဆောင်ထားတာ.. အ​ပြောင်းအလဲ မြန်တာပဲ"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now