Part 2

4.4K 339 12
                                    

Unicode

ညဉ့်နှက်ဦးယံအချိန်အခါမို့ ကောင်းကင်ထက်၌ ကြယ်လေးတွေဟာ ရေတွက်လို့မရနိုင်အောင် တောက်ပနေခဲ့ပြီး ကားရှေ့အဖုံးပေါ်တွင် ထိုင်ကာ ကောင်းကင်ယံထက်ကို သူငေးကြည့်နေခဲ့သည်။ ဒီအချိန်ဆို အိမ်ကလူတွေ အိပ်လောက်ရောပေါ့။

ထိုတစ်ယောက်လည်း သူ့ရဲ့ Pheromone ကြောင့် ဝေဒနာတွေ သက်သာနေမလားဆိုသည့်အသိကလည်း အတွေးထဲတွင် မသိမသာစိုးမိုးနေသေးသည်။

ဆောင်းဝင်စမို့ လေပြေလေးတွေဟာ အေးစိမ့်နေတတ်ပြီး Alpha အဖို့တော့ ခန္ဓာကိုယ်ဟာ နဂိုသာမန်ထက်နွေးကြသည်မို့ အအေးဒဏ်ကို အံတုနိုင်ကြသည်။ မျက်နှာထက်ကို လေတိုးနေပင်မဲ့ အေးသွားခြင်းမရှိဘဲ ခန္ဓာကိုယ်တွင် အနွေးဓာတ်က ပြန့်လွင့်နေပြီး ထိုတစ်ဝိုက်တွင် ဂျောင်ကု၏ နှင်းဆီရိုင်းရနံ့ဟာလည်းမသိမသာ ရှိနေတတ်သည်။

ဂျောင်ကု၏ အကျင့်တစ်ခုဟာ Pheromone ကို သိမ်းထားရတာထက် မည်သူမျှမရှိသည့်အခိုက်တွင်ဆို လွတ်လွတ်လပ်လပ် ထုတ်လွှင့်တတ်ပြီး တစ်ခါတစ်ခါ Wolf ကိုလည်း ထွက်နေခွင့်ပြုသေးသည်။ ထိုအရာဟာ သူတစ်ယောက်တည်းမှာသာ ဖြစ်နေသည့် ချစ်စရာအကျင့်တစ်ခုဖြစ်နေသည်။

"စူးရဲလွန်းတဲ့ Pheromone ကိုရနေပါတယ်ပေါ့...မင်းနားကကို"

ခပ်ရှရှထွက်ပေါ်လာသည့်အသံကို စူးစမ်းလိုက်ဖို့ နောက်ကနေ ထွက်လာသည့် အသံကြောင့် မျက်မှောင်ကြုတ်ကာ လှည်ကြည့်လိုက်ပင်မဲ့ ရှေ့သို့ပြန်လှည့်လိုက်သည့်ချိန်တွင် သူ့ရှေ့ရောက်နေပြီး ပြုံးကာကြည့်နေသည့် လူကြောင့် ခန္ဓာကိုယ်ကို အနည်းငယ်နောက်ဆုတ်လိုက်သည်။

"Original"

"ဝိုး...ဝိုး...နာမည်ခေါ်စမ်းပါ Alpha ကောင်ရယ်...."

"မင်းလို သွေးစုပ်ပြီး ရှင်သန်နေတဲ့ကောင်တွေကို နာမည်ခေါ်ဖို့ မသတီဘူး။"

"တွေ့လိုက်တိုင်း ဂျောင်ကုတို့က ခက်ထန်နေတာဘဲ။ မင်းမေ့နေတာလား...ငါက Wolf တစ်ဝက်ဆိုတာ...အဲ့တာမို့ကြောင့် မင်းရဲ့ Pheromone ကို  ငါခံစားနိုင်တာလေ...ပြီးတော့ အသက် 1000 ကျော်ရှိတဲ့ ငါ့ကို မင်းဆက်ဆံတာက ယဉ်ကျေးမှုကို မရှိဘူး။"

Born to DiedWhere stories live. Discover now