Part 3

3.8K 326 29
                                    

Unicode

ပိတ်ရက်မဟုတ်ပင်မဲ့ နှိုးထလာသည့် အချိန်လောက်တွင် နေလုံးကြီးဟာ ကောင်းကင်ထက်အလယ်ဗဟိုတွင် တောက်ပစွာရောက်နေလေပြီး အခန်းဘက် လှိုက်ကာအဖြူကြားထဲတွင် လင်းထိန်းစွာ တိုးဝေ့နေလေသည်။

သန်မာလွန်းသည့် ခါးထက်မှာနေရာယူထားသည့် လက်ဖြူဖြူသေးသေးလေးကြောင့် မှေးနေသည့် ဂျောင်ကုမှာ မျက်ဝန်းဖွင့်လာပြီး အခန်းအတွင်း အကြည့်တွေကို ကစားလိုက်ကာ ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ထယ်ယောင်းကို ငုံ့ကြည့်လိုက်ပေသည်။

Heat ကာလမို့ မျက်နှာလေးဟာ နဂိုထက်ဖြူလွှ၍ နဂိုထက်ကြည်လင်ကာ ပါးလေးတွေ နားလေးတွေ နောက်ဆုံး နှုတ်ခမ်းလေးကအစ စိုစိုအိအိလေးနှင့် ပန်းရောင်သန်းနေသေးသည်။

ငှက်ကလေးဟာ ပြတင်းပေါက်အစွန်းနားတွင် လာနားကာ တစ်ကျိကျိဖြင့် စကားတွေများလျက်ရှိနေတော့ ရင်ခွင်ထဲက တစ်ယောက်ဟာလည်းအိပ်နေရင်းမှ အနည်းငယ်လှုပ်ရှားလာကာ ဂျောင်ကုသည် စိတ်အစဉ်ဟာ အတွေးထဲမှ ရုန်းထွက်လိုက်ပြီး ရင်ခွင်ထဲက ထယ်ယောင်းက တွန်းလိုက်ကာ ကုတင်ပေါ်၌ တွန်းချပစ်လိုက်သည်။

"အ့...ဂျောင်ကု"

ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ရက်ဖြင့် နာသွားသည့် တင်ပါးလေးကို ပွတ်သပ်ကာ ကုတင်ပေါ်က ဂျောင်ကုကိုလည်း ရှုံ့မဲ့မဲ့ဖြင့် လှမ်းကြည့်သေးသည်။

"ရာရာစစ ငါ့ရင်ခွင်ထဲ လာအိပ်နေတယ်...ကင်မ်ထယ်ယောင်း မင်းအချိုးတွေ ပြင်ထားနော်"

"ဟမ်...ဒါပေမဲ့ ဒါက ငါ့အိပ်ရာလေဂျောင်ကု"

အားနည်းနေသည့် ထယ်ယောင်းက ခပ်ဖျော့ဖျော့ အသံလေးဖြင့် ပြန်ချေပလိုက်တော့ ရလဒ်က သူ့ရဲ့ အကြည့်စူးစူးတွေသာ။

"တောင်းပန်ပါတယ်..."

သူ့ရဲ့ ဒေါသအကျင့်ကို သိသည်မို့ အရှုံးပေးလိုက်ကာ ထရပ်လိုက်ပြီး တောင်းပန်စကားဆိုတော့ လျစ်ခနဲ သူ့ရဲ့ လှောင်ပြုံးခြင်းကို မြင်လိုက်ရသည်။ အခန်းအတွင်း၌ ဆောင်းဦးရနံ့နဲ့ နှင်းဆီရနံ့က ကူးလူးနေပြီး ထယ်ယောင်း နေရထိုင်ရကောင်းခြင်းမှာ ဂျောင်ကုရဲ့ ယာယီအမှတ်ပေးခြင်းကြောင်းပင်။

Born to DiedWhere stories live. Discover now