Unicode
ထယ်ယောင်းရဲ့ အေးစက်စက်လက်ကလေးကို ကိုင်လာကာ အိမ်ထဲသို့ ဝင်လာပြီး နောက်ကနေ ထယ်ယောင်းကလည်း ခေါင်းငုံ့လျက် ဂျောင်ကုနောက်တွင် လိုက်ပါလာသည်။
အခန်းထဲရောက်သည်နှင့် ထယ်ယောင်းကို ကုတင်ထက်တွင် ထိုင်ခိုင်းကာ နှင်းဆီရိုင်းရနံ့ကို အနည်းငယ်လွှမ်းခြုံစေပြီး ထယ်ယောင်းကို နွေးစေသည်။ အဝတ်အစားထုတ်လိုက်ပြီး ထယ်ယောင်းကို ဝတ်ခိုင်းတော့ အင်တင်တင်ဖြင့် ဝတ်သည်။
တဘတ်အသေးတစ်ထည်ကို ထုတ်ကာ ရေအနည်းငယ်စိုနေသေးသည့် ခေါင်းကို ကိုယ်တိုင်ကိုယ်ကျ သုတ်ပေးနေမိပြီး မော့ကြည့်နေသည့် ထယ်ယောင်းရဲ့အကြည့်တွေကို မလွှဲကာ ပြန်ကြည့်လိုက်သည်။
အကြည့်ချင်းတွေမှာ ထယ်ယောင်းဟာ ဂျောင်ကုထံကနေ တစ်ခုခုမျှော်မှန်းနေသလိုမျိုး။ သို့သော် ဂျောင်ကု၏ လျစ်လျူရှုခြင်းကိုသာ ပြန်လည်ရရှိပြန်သည်။
"ဂျောင်ကု..."
ထယ်ယောင်းစကားစဖို့ ကြိုးစားနေချိန်ခိုက်တွင် တံခါးခေါက်လာမှုကြောင့် ဝင်လာသည့်အလုပ်သမားကောင်မလေးက ရပ်နေသည့် ဂျောင်ကုနှင့် ထိုင်နေသည့် ထယ်ယောင်းကို တစ်ချက်အရိုအသေပေးကာဖြင့် စကားစပြောလာပေသည်။
"သခင်မကြီးက ညစာသုံးဆောင်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်ရှင့်..."
"နောက်မှ ငါတို့နှစ်ယောက်ကိုယ့်ဘာသာကို စားတော့မယ်"
"သခင်မကြီးက တစ်ခါတည်းမှာကြားလိုက်ပါတယ်...နောက်မှမစားရပါဘူးတဲ့...အခုချက်ချင်းဆင်းလာခဲ့ပါတယ်လို့ မှာလိုက်ပါတယ်"
"ကျစ်...တကယ်ကိုကွာ...ပြီးရော လာခဲ့မယ်"
ဂျောင်ကုက သူစိုနေသည့် အဝတ်အစားတွေကိုလဲဖို့ရန်နှင့် ထယ်ယောင်းကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ကျန်ခဲ့သည့် ထယ်ယောင်းမှာလည်း အခန်းထဲ မနေသာတော့ဘဲ အောက်ထပ်သို့ ဆင်းလာတော့ပြီး ပါးနဲ့မားကို တစ်ချက်နှုတ်ဆက်ကာ ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်သည်။
YOU ARE READING
Born to Died
Fanfiction"မောင်...ငါ့ကိုချစ်ခဲ့ရဲ့လား..." မောင်ကအကြည့်တွေနဲ့အတူ ခေါင်းယမ်းပြနေခဲ့တယ်။ "မောင် ညာတယ်" Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe