The Final

6.9K 332 25
                                    

Unicode

နောက်ဆုံး ပြန်ခြေချမိတာက အီတလီကို။ သို့ပင်မဲ့ မြို့မတူဘဲ ထယ်ယောင်းရှိကာ အရပ်ကို ခြေချမိတာဖြစ်သည်။

Katt ပို့ပေးထားသည့် လိပ်စာကို ကြည့်လိုက်ကာ ထိုနေရာသို့ အနားမယူဘဲ ထပ်ဦးတည်မိတော့သည်။ ဘယ်လောက်တောင် တွေ့ချင်မိသလဲဆိုတာ ကိုယ့်ဘာသာကို အသိဆုံးမို့ ယခုအချိန်တွင် ကျွန်တော်အနားမယူနိုင်မိပေ။

Taxi သမားကို လိပ်စာပြောလိုက်ကာ ထယ်ယောင်းရှိရာနေရာသို့ ကျွန်တော်ဦးတည်မိသည်။ ဘယ်လောက်လွမ်းနေရလဲ။ အဲ့လောက်အထိကို မနေနိုင်တွေ့ချင်နေတော့တာ။

"ပြန်မအမ်းနဲ့တော့"

ထို့နောက် ရှိနေသည့် အိမ်သေးသေးလေးကို မျက်နှာမူလိုက်သည်။ တံခါးပိတ်ထားပင်မဲ့ ခေါက်ကြည့်ဖို့ လက်မရဲဖြစ်နေပြန်သည်။

"သားက ဘယ်သူတုံး"

နောက်က ထွက်လာသည့် အသံကြောင့် လှည့်ကြည့်လိုက်တော့ အဖွားတစ်‌ယောက်။ လက်ထဲတွင် ပန်းကန်လုံးလေးတစ်လုံးလည်း ကိုင်ထားလျက် ကျွန်တော့်ကို ကြည့်ကာ အီတာလီယျံလို မေးလာသည်။

"ဒီအိမ်က ကင်မ်ထယ်ယောင်းရဲ့ အိမ်လား"

"မင်းက ကောင်လေးနဲ့ ဘာတော်တာတုံး"

"သူအမျိုးသားပါ..."

"အော...အဲ့ဆို ဝင်ခဲ့ပါ...အဖွားလည်း သူစားရအောင် ဟင်းလာပို့ပေးတာ...ကောင်လေးက အပြင်မထွက်ဘူးလေ"

"သူအဆင်ပြေတယ်မလား..."

"သားကိုယ်တိုင် ကြည့်ပေါ့..."

အဖွားက ရှေ့ကနေ တံခါးကို ဖွင့်လိုက်ကာ နောက်ကနေ တိတ်တဆိတ် လိုက်ဝင်မိတော့သည်။ အိမ်လေးက သေးသေးလေးဆိုပင်မဲ့ သူ့နေရာနဲ့သူ သပ်ရပ်စွာ ရှိနေပြီး ပြတင်းပေါက်တွေကိုသာ ပိတ်ထားလျက်ရှိတာ။

ပြီးတော့ အိမ်ထဲဝင်လိုက်တာနဲ့ ဆောင်းဦးရနံ့ကလေးကို မသိမသာ ရလိုက်ခြင်းကြောင့် ပြုံးမိတော့သည်။

"ကျွန်တော့်အတွက် ယူလာပြန်ပြီလား အဖွား"

အသံလေးကို ကြားလိုက်သည်နှင့် မျက်ဝန်းတွေဟာ အသံလာရာကြည့်လိုက်မိတော့ ထယ်ယောင်းကိုယ်တိုင်လည်း ကျွန်တော့်ကို အံ့ဩခြင်းတွေနဲ့ ကြည့်လာသည်။

Born to DiedWhere stories live. Discover now