Part 12

3.3K 288 12
                                    

Unicode

တစ်ဖန် ခရီးထွက်ရင်း ခြေချမိတာက မွေးရပ်မြေ အီတလီကို။ ရိုဝမ်သည် ရှိသမျှ အရာတွေ အားလုံးကို ငေးကြည့်လိုက်သည်။

အီတလီကို ကြိုက်တယ်။ အီတာလီယျံတွေနဲ့ ရောနှောနေရတာ သူသည် သိပ်ကြိုက်ပင်မဲ့ ချစ်ရသူဆုံးရှုံးပြီးကတည်းက ခြေမချတော့တာဖြစ်ပြီး ယခုတော့ ထယ်ယောင်းအတွက်ကြောင့် သူသည် အီတလီနိုင်ငံကို ထပ်လာခဲ့ရပြန်သည်။

တိတ်ဆိတ်ပြီး နံရံထက်မှာ ရေညှိတွေစွဲကပ်နေကာ စံအိမ်ဟောင်းအကြီးကြီးရှေ့တွင် သူရပ်လိုက်ပြီး အိမ်ကြီးတစ်ခုလုံးကို သူဟာ ဒီတိုင်းလေး ငေးကြည့်နေခဲ့ပေသည်။

မြက်ခင်းစိမ်းရနံ့ Pheromone ဟာ ထိုပတ်လည်တွင် ပြန့်နှံနေခဲ့ပြီး အထီးကျန်ခြင်းကိုလည်း ဆောင်နေပြန်သည်။

"တစ်စုံတစ်ယောက်ကို သတိရနေတာလား"

ရိုဝမ်သည် နောက်ကနေ ထွက်လာသည့် အသံကြောင့် လှည့်မကြည့်လိုက်ပင်မဲ့ မည်သူမှန်း သူသိသည်။

"ထယ်ယောင်းကော..."

"ဟိုတယ်က ဘန်ဂလိုမှာ...."

ဂျောင်ကုသည်လည်း ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ လျှောက်လာရင်း ရိုဝမ်ဘေးတွင် ရပ်လိုက်ပြီး ရိုဝမ်နည်းတူ စံအိမ်ကြီးကို ကြည့်လိုက်သည်။

"ငါဒီအိမ်ကို ခြေချဖို့ ပြန်မစဉ်းစားခဲ့ဖူးဘူး...သူမနဲ့ပတ်သတ်တဲ့အမှတ်တရတွေရှိနေတာမို့..."

"အမှတ်တရတွေက အနည်းဆုံးတော့ လူ့စိတ်ကို ဖြေနိုင်တယ်မဟုတ်ဘူးလား...အလွမ်းစိတ်ကိုပြောတာ Original"

"လူတွေက အမှတ်တရတွေရှိတဲ့နေရာမှာ နေနိုင်ပင်မဲ့ ငါတော့ မနေနိုင်ဘူး....ခံနိုင်ရည်လည်းမရှိဘူး...မင်းကော တကယ်လို့ ထယ်ယောင်းမရှိတဲ့အချိန်ကျရင် သူ့အမှတ်တရတွေနဲ့ မင်းနေနိုင်ပါ့မလား"

"ဟွန့်...ထယ်ယောင်းက ဘယ်သွားမှာမို့လို့လဲ...ထွက်သွားခွင့်လည်း မရှိဘူး...အမြဲတမ်း ထယ်ယောင်းက ငါ့အနားမှာ နေရမှာ Original"

ရိုဝမ်ရဲ့ မျက်နှာဟာ တည့်တံ့သွားပြီး ဂျောင်ကုကို ကြည့်လိုက်ကာ ပြန်ကြည့်လာသောကြောင့် နှစ်ယောက်သားအကြည့်ချင်းစုံမိလျက်ရှိသွားပြီး ရိုဝမ်မှ အရှေ့သို့ ပြန်လှည့်ကာ အထီးကျန်ဆန်နေသည့် စံအိမ်ကြီးကို ကြည့်လိုက်သည်။

Born to DiedWhere stories live. Discover now