Part 10

3.3K 289 15
                                    

Unicode

"ကိုယ်ဆေးထိုးမယ်နော်....သာမန်ထက် ပိုနာမှာမို့ မင်းခံနိုင်ပါမလား"

"ရတယ် ဒေါက်တာလက်စ် ကျွန်တော်ခံနိုင်ပါတယ်"

လက်မောင်းထက် ဆေးထိုးသွင်းတော့ နာကျင်ခြင်းက ပြောမပြတတ်အောင်မို့ ထယ်ယောင်းစိတ်ကိုတင်းထားကာ နာကျင်မှုကို အောင့်အီးခံနေလေသည်။

"ခနဘဲ....အခုတလော နေရတာတော့ အဆင်ပြေတယ်မလား...ဆေးကို သေချာဂရုစိုက်သောက်ပေးပါ။"

"ခွဲစိတ်ဖို့ အစားထိုးကော အားလုံးအဆင်ပြေရဲ့လား ဒေါက်တာလက်စ်"

"မင်းရဲ့ ရောဂါက Vam ရဲ့သွေးတောင် ကုသလို့မရတာမို့ ကိုယ်တို့တခြားနည်းလမ်းရှာနိုင်မှာပါ"

ထယ်ယောင်းမျက်ဝန်းဟာ မှိုင်းတိုင်တိုင်ဖြင့် လက်စ်ရဲ့ အဖြေကိုလည်း သူ့မှာသဘောမကျသလိုမျိုးဖြင့် မျက်ရည်စလေးတွေဟာလည်း ရစ်သိုင်းလျက်ရှိနေပေသည်။

"တကယ်လို့ ကျွန်တော့်အတွက် အချိန်လုံးဝမရှိတော့ဘူးဆိုရင် ကျွန်တော်ရုတ်တရက်ပျောက်သွားရင် ကျွန်တော်သူ့ရှေ့မှာ မသေချင်လို့ပါ"

"မင်းမသေပါဘူး...ကိုယ်တို့ရအောင် ကယ်မှာပါ"

"ကျွန်တော့်ကို ကျွန်တော်သိလို့ပါ"

"ကဲ...လူနာလေးရေ..မျှော်လင့်ချက်ထားရမယ်လေ...မဟုတ်ရင် ရိုဝမ်ကလည်း စိတ်ဆိုးအုံးမယ်...အဲ့ကောင်က မင်းကိုတော့ တော်တော်ဂရုစိုက်သားဘဲ"

"ရိုဝမ်ကိုကော ဒေါက်တာလက်စ်ကိုကော ကျွန်တော်က ကျေးဇူးတင်ရပါတယ်"

"မလိုပါဘူးကွာ...ဒါက ကိုယ့်အလုပ်ပါဘဲ...နောက်ငါးမိနစ်ဆိုပြီးပြီနော်"

ဂျောင်ကုမသိအောင် ကျောင်းကနေ လစ်ထွက်လာခဲ့ပြီး အရင်တစ်ခေါက် လက်စ်ချိန်းထားသည့် ရက်ချိန်းကို ခိုးလာခဲ့တာဖြစ်သည်။

တကယ်တော့ အသိမပေးချင်တာက သူ့ကြောင့် ဂျောင်ကုကို စိတ်မရူပ်စေချင်သလို ဂျောင်ကုရှေ့မှာ အားနည်းတဲ့သူတစ်ယောက်လည်း ဖြစ်ချင်ခဲ့တာမဟုတ်ဘူး။

ဆေးရုံထဲက ထွက်လာပြီးသည်နှင့်လက်ထဲတွင် ကိုင်ထားသည့် ဆေးတွေကို လွယ်အိတ်ထဲတွင် ထည့်လိုက်ကာ ဗာဗိန်းဆွဲကြိုးကို ပြန်ဆွဲလိုက်သည်။

Born to DiedWhere stories live. Discover now