Part 4

3.6K 318 54
                                    

Unicode

အကြာကြီးလမ်းလျှောက်လာရသည်မို့ ခြေထောက်တွေဟာ ထုံကျင်နေပြီး ညောင်းလျက်နာကျင်မှုကိုလည်း ထယ်ယောင်း သေချာစွာခံစားနေရသည်။

ကျောင်းဝန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် ဘယ်သူ့ကိုမှမတွေ့ရတော့ဘဲ အတန်းတက်ချိန်သို့ ရောက်နေပြီမို့ အကုန်လုံးဟာ စာသင်ခန်းထဲတွင် နေရာယူကာ စာသင်လျက်ရှိနေကြပြီ။ ကြောက်စိတ်တွေနဲ့အတူ ရှေ့ကကျောင်းဆောင်ကို ငေးကြည့်လိုက်မိသည်။

အတန်းရှိရာသို့ သွားလိုက်ပြီး အတန်းထဲဝင်ရန်ပြုလိုက်တော့ စာသင်နေသည့်ကျောင်းသားကျောင်းသူတွေကော ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် သူကပါ စာသင်နေသည့်ဆရာအပါအဝင် ထယ်ယောင်းကို ကြည့်လာကြသည်။

"ကင်မ်ထယ်ယောင်း"

ဆရာ့အခေါ်မှာ ဆတ်ခနဲခေါင်းငြိမ့်ပြလိုက်ပြီး မျက်ဝန်းတွေဟာ ဂျောင်ကုထံမသိမသာ ကြည့်မိတော့ အပြုံးတွေဟာ လှောင်နေသလိုမျိုးနှင့်။

"မင်းနာရီဝက်တောင် ကျောင်းနောက်ကျတယ်..."

"တောင်းပန်ပါတယ်..ကျွန်တော်လမ်းလျှောက်လာရလို့ပါ"

ဖုန်တွေ ပေကျန်နေသည့် ဘောင်းဘီလေးကိုလည်း ဆရာက ဝေ့ခနဲကြည့်သည်။

ငိုမိသွားမှာဆိုး၍ အောက်နှုတ်ခမ်းကို ကိုက်လျက် မျက်ရည်စတွေကို ပုတ်ခတ်လျက်ရှိကာ ယခုအခြေအနေကနေ လွတ်မြောက်ချင်သည်။

"လမ်းလျှောက်လာရအောင် Taxiတွေ Bus ကားတွေက ဘာအတွက်ထား'ထားတာလဲ။ သိပ်ကို ဆင်ခြေကောင်းပါတယ် ထယ်ယောင်း"

"တောင်းပန်ပါတယ်။"

ထယ်ယောင်းရဲ့ တောင်းပန်စကားအပေါ် သူကြားလိုက်ရသည့်အချိန်တွင် စိတ်နှောက်ကျိသွားကာ မျက်ဝန်းတွေကို စုံမှိတ်လျက်ဖြင့် အကြည့်လွှဲပစ်လိုက်သည်။

ကင်မ်ထယ်ယောင်းက တောင်းပန်ဖို့ဘဲ တတ်တာလား။ သူခိုင်းလို့လုပ်တာဘဲ...အမှန်တိုင်းပြောပြီး လက်ညိုးထိုးလိုက်စမ်းပါ။ 

"ကျောင်းနောက်ကျတဲ့အပြစ်ကို သိပြီမို့ ဘောလုံးကွင်းကို သန့်ရှင်းလုပ်ရမယ်...မပြီးမချင်းစာသင်ခန်းထဲ ဝင်မလာနဲ့။ နားလည်တယ်နော် ကင်မ်ထယ်ယောင်း"

Born to DiedWhere stories live. Discover now