Part 9

3.2K 264 9
                                    

Unicode

နေရောင်ခြည်က လိမ္မော်ရောင်သန်းနေလျက်ရှိပြီး တစ်ဆက်တည်း ရိုဝမ်ရဲ့ မျက်ဝန်းဟာလည်း မသိမသာ အနီရောင်အဆင်းရှိနေလေသည်။

သူဟာ တစ်စုံတစ်ယောက်ကို ရှာနေမိခဲ့သလို စာကြည့်တိုက်ထဲရောက်တော့ သူ့ရဲ့ခြေလှမ်း သူ့ရဲ့မျက်ဝန်းဟာလည်း ရပ်တန့်သွားကာ စာအုပ်ဖတ်နေသည့် ထယ်ယောင်းက သူ့ရဲ့အကြည့်တွေကို နေရာယူသွားသည်။

တစ်စိမ့်စိမ့်အေးစက်နေသည့် ရာသီဥတုထဲ အေးစက်လွန်းသည့် သူ့အသွင်အပြင် သို့သော် သူ့ရဲ့စိတ်အစဉ်ဟာတော့ ထယ်ယောင်းကို တွေ့လိုက်ရခြင်းဖြင့် နွေးထွေးသွားပြန်သည်။

မည်သူမျှ သိပ်မရှိသည့် စာကြည့်တိုက်ထဲတွင် သူ့ရဲ့ ခြေလှမ်းဟာ ထယ်ယောင်းအနားသို့ ဦးတည်လိုက်ပေသည်။ ဒီနေ့တစ်နေ့လုံး ဂျောင်ကုကိုလည်း မတွေ့သည်မို့ သူဟာ အနည်းဆုံးတော့ ခနလောက် ထယ်ယောင်းအနားတွင် စကားပြောနိုင်လိမ့်မည်ဟု တွေးလိုက်ခြင်းဖြစ်သည်။

မြက်ခင်းစိမ်းနဲ့ဟာ မသိမသာထွက်ပေါ်လာပြီး ထယ်ယောင်းရဲ့အကြည့်တွေဟာ ရိုဝမ်စီသို့ရောက်သွားကာ တစ်ဆက်တည်းသူတို့နှစ်ယောက်အနားတွင် ဗာဗိန်းအနံ့က ကူးလူးလာသည်မို့ ရိုဝမ်မျက်ဝန်းတွေဟာ နီလာပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ မူးဝေသလိုရှိလာသည်မို့ စားပွဲကို လက်ဖြင့်ထောက်လိုက်ကာ ခေါင်းကို ကိုင်လိုက်သည်။

"ဗာဗိန်း..."

"အို...ဆောရီး ကျွန်တော့်နားကမို့..."

ဗာဗိန်းထည့်ထားသည့် ဖန်ပုလင်းလေးကို ဖွင့်ထားလျက်ရှိသည်မို့ ရိုဝမ်က အနံ့ခံလိုက်ရခြင်းဖြစ်ကာ ဖွင့်ထားသည့် စာအုပ်ကိုလည်း ပိတ်ပစ်လျက် ဖန်ပုလင်းလေးကိုလည်းပိတ်ကာ ထယ်ယောင်းသည် လည်ပင်းမှာ ပြန်ပြီး ဝတ်ဆင်လိုက်သည်။

ထိုအခါ ရိုဝမ်က ထိုင်လိုက်ကာ မောဟိုက်နေသည့်စိတ်အစဉ်ကို ဖြေချနေသည်။

"ကျွန်တော်...မရည်ရွယ်ပါဘူး...ဆရာဝမ်"

"ဗာဗိန်းအကြောင်း မင်းဘယ်လိုသိတာလဲ...မဟုတ်မှ ဂျောင်ကု"

Born to DiedWhere stories live. Discover now