Unicode
ဟိုတယ်က စားသောက်ဆိုင်ထဲမှာ ဂျောင်ကုကို ထိုင်စောင့်နေပင်မဲ့ အခုထက်ထိ ပေါ်မလာသေးပေ။ မနက်ခင်းနိုးကတည်းက ဂျောင်ကုဟာ ရေချိုးခန်းထဲရောက်နေခဲ့ပြီး တော်တော်နှင့်ထွက်မလာသည်မို့ စားသောက်ဆိုင်မှာ စောင့်နေမယ်လို့သာ ပြောခဲ့ရင်း ကျွန်တော်လည်း ဘန်ဂလိုထဲမှ ထွက်လာခဲ့ကာ အခုလိုထိုင်စောင့်နေခဲ့တာဖြစ်ပေသည်။
ဒီနေ့မှ ရိုဝမ်လည်း ပျောက်နေခဲ့သလို အခြေအနေအရ ကျွန်တော်တစ်ယောက်တည်းဖြစ်နေခဲ့ပြန်သည်။ အချိန်လည်း မစောတော့သည်မို့ အခန်းထဲသို့သာ လာပို့ပေးရန် ဝန်ထမ်းတစ်ယောက်ကို မှာခဲ့လေပြီး ကျွန်တော့်မှာ ဘန်ဂလိုရှိရာသို့ ပြန်လာခဲ့ရပြန်ပေသည်။
အခန်းရှေ့ရောက်တော့ တံခါးဖွင့်တော့ ဖွင့်မရဖြစ်နေပြီး ကျွန်တော့်မှာ မျက်မှောင်ကြုတ်မိလျက်သား။ ရင်ဘတ်ထဲက ထိတ်ခနဲဖြစ်သွားကာ ဖုန်းကိုထုတ်လိုက်ပြီး မောင့်ကို ဖုန်းဆက်မိတော့သည်။ အခန်းတံခါးက လော့ချလျက်သားမို့ အထဲမှာရှိနေမှန်းသိပင်မဲ့ ကျွန်တော်သွားတုံးက လော့မချခဲ့ပေ။ ထို့ကြောင့်မို့ ဇဝေဇဝါဖြစ်လျက် အခန်းထဲက မောင့်ကို ဖုန်းဆက်မိတော့သည်။
ပထမတစ်ခေါက် ခေါ်ဆိုမှု ကိုင်သူမဲ့ဖြစ်နေခဲ့ပြီး ကျွန်တော့်ရင်မှာ ထိတ်ခနဲ လန့်ခနဲဖြစ်နေကာဖြင့် နောက်တစ်ခေါက်ထပ်ခေါ်မိပြန်သည်။
နောက်တစ်ခေါက်ခေါ်ဆိုမှုက တစ်ဖက်က ဖုန်းကို ကိုင်လာခြင်းကြောင့် ကျွန်တော့်မှာ မသိမသာ သက်ပြင်းရှိုက်မိလျက် မောင့်ကိုခေါ်မိတော့သည်။
"မောင်...တံခါးဖွင့်ပါအုံး"
ကျွန်တော့်ရဲ့ စိုးရိမ်သံ။မောင့်ရဲ့ အသက်ရှူသံပြင်းပြင်း။
အဲ့လိုနဲ့ ကျွန်တော့်မှာ ပူလောင်လာရတော့တာဘဲ။
"ထွက်သွား...ထယ်ယောင်း....တခြားအခန်းထပ်...ငှားလိုက်...မဝင်လာနဲ့"
"ဘာလို့လဲ....မောင် မင်းတစ်ခုခုဖြစ်နေတယ်မလား...တံခါးဖွင့်စမ်းပါ...ကိုယ်ရင်တွေပူလို့ပါကွာ"
YOU ARE READING
Born to Died
Fanfiction"မောင်...ငါ့ကိုချစ်ခဲ့ရဲ့လား..." မောင်ကအကြည့်တွေနဲ့အတူ ခေါင်းယမ်းပြနေခဲ့တယ်။ "မောင် ညာတယ်" Jeon Jungkook ♡ Kim Taehyung Written by Minjanuarymoe