Ep-1(uni+Zg)🖤

18.6K 779 49
                                    

1

တီ....တီ....တီ.....တီ....
နာရီနှိုးစက်မြည်သံဖြင့်သူ၏တနေ့တာကိုစတင်ရပါတော့မည်။ နှိုးစက်အား အိပ်နေရင်းဖြင့်လှမ်းပိတ်လိုက်ကာ ကုတင်ပေါ်မှထလာ၍ Bathrobeတထည်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားလေသည်။ ရေချိုးပြီးနောက် တီရှပ်တထည်နှင့် style pants တထည်ပေါ့ပေါ့ပါးပါးဝတ်ဆင်ကာ အိပ်ခန်းထဲမှထွက်လာပြီး မီးဖိုခန်းထဲတွင် မနက်စာနှင့် ပေါင်မုန့်မီးကင်အားပြင်ဆင်စားသောက်လိုက်သည်။ တယောက်ထဲနေသောသူ့အတွက်ထွေထွေထူးထူးတော့ပြင်စရာမလို......။ တယောက်ထဲနေရတာက တစုံတယောက်ကိုလွမ်းတာကလွဲရင် အရာအားလုံးအဆင်ပြေပါတယ်.....။သူကရောလွမ်းနေပါ့မလား.......။

"အဟက်!!!"

ဘယ်လွမ်းပါ့မလဲ.......သူ့အပေါင်းအသင်းတွေနဲ့အချိန်ဖြုန်းနေရလို့ လွမ်းဖို့နေနေသာသာ မှတ်မိနေသေးရင်တောင်ကံကောင်းပဲ။ အရက်တွေလည်းသောက်နေတုန်းပဲလား လူဆိုးလေး......။ဒီနေ့ကSundayဆိုတော့ သင်တန်းပိတ်ရက်ပဲ အိမ်မှာပဲအချိန်ဖြုန်းရတော့မယ်...... ။ ပျင်းစရာကောင်းသောအချိန်ကိုဖြုန်းရန်အသင့်တော်ဆုံးက ရုပ်ရှင်ကြည့်ခြင်းပဲ......။ TV channel တခုအားဖွင့်ထားလိုက်ပြီး ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်နေလိုက်သည်။ ဇာတ်လမ်းထဲတွင် မင်းသားနှင့်မင်းသမီး အနမ်းဝေမျှနေတဲ့အခန်းရောက်တော့ သူရဲ့လူဆိုးလေးကိုတောင် သတိရမိသွားသည်။ လူဆိုးလေးရဲ့နှုတ်ခမ်းတွေကစွဲမက်ဖွယ်ရာ အတိပဲ......။ အတွေးတို့ပျံ့လွင့်နေစဉ်ကြားလိုက်ရသော လူခေါ်ဘဲလ်အသံ......။

တီးတောင်.....တီးတောင်.....တီးတောင်

ဧည့်သည်လာလေ့မရှိသော သူ့အိမ်အတွက် ထိုလူခေါ်ဘဲလ်အသံကအထူးအဆန်းဖြစ်နေခဲ့သည်။ ရုပ်ရှင်အားပိတ်လိုက်ပြီး ဧည့်သည်မည်သူလည်းသိရရန် တံခါးအားဖွင့်ပေးလိုက်ရာ.......။အသက်၅၀အရွယ်အမျိုးသမီးတဦး ကြက်သွေးရောင်ကတ္တီပါ ကိုယ်ကျပ်အင်္ကျီနဲ့ဒေါက်ဖိနပ်အမဲရောင်ကိုစီးထားပြီး လက်တွင်လည်း ဈေးကြီးသည်မှန်းသိသာသော် မိကျောင်းသားရေ လည်သာအိတ်အမဲဲဖြင့်သူမက

"နေကောင်းရဲ့လား......Jungkookie"

သူမက ကျနော့်ရဲ့မွေးစားမေမေ

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now