18
မနက်စာစားပြီးနောက် Jeonကသူ၏ကုမ္ပဏီသို့သွားကာ မီယာနှင့်Jiminက တက္ကစီငှားကာ အိမ်တော်သို့ပြန်လာကြသည်။လမ်းတလျှောက်လုံး၌ Jiminက မီယာ့ကိုသာမျက်စောင်းထိုးနေ၍ မီယာက
"ဒီက Park Jiminshii က မီယာ့ကိုမကျေနပ်တာများရှိနေလို့လား"
Jiminက သူ၏လက်သူကြွယ်မှလက်ထပ် လက်စွပ်အား လက်ညှိုးဖြင့်ပွတ်ဆွဲလိုက်ပြီး
"Jeon Jiminပါ Park Jiminမဟုတ်ဘူး......မကျေနပ်စရာက...... Jeonနဲ့ဝေးဝေးမှာနေ!! အရင်တုန်းကဘယ်လောက်ပဲ တွဲခဲ့တွဲခဲ့ အခုJeonနဲ့ကျနော်နဲ့က လက်ထပ်ပြီးသွားကြပြီ နမ်းလည်းနမ်းပြီးကြပြီ ညကပဲနမ်းထားတာ ဒီက အမမီယာအနေနဲ့ အနေအထိုင်ဆင်ခြင်ပေးမယ်ဆိုရင်ကျေးဇူးတင်မိမှာပဲ.......ဒါနဲ့ကိုရီးယားကိုဘာလာလုပ်တာလဲ"
မီယာကသူမ၏ဗိုက်အပေါ်လက်ဖဝါးလေးနဲ့အသာအုပ်လိုက်ပြီး
"ဒါက မီယာ့ရဲ့ privacyပါ......ပြီးတော့ အနေအထိုင်ဆင်ခြင်ရအောင်လည်း မီယာမှားတာဘာမှမရှိသေးဘူးလေ....."
Jiminက မီယာ့အားစူးစိုက်ကြည့်ကာ
"ရုပ်ရှင်တွေထဲကလို ဗီလိန်လာမလုပ်နဲ့နော် မင်းသမီးလိုထိုင်ငိုနေမှာမဟုတ်ဘူး တခါထဲသတ်ပစ်မှာ!!"
Jimin၏စကားကြောင့် မီယာ့ကိုယ်လေး သိမ့်ကာတုန်သွား၍ သူမ၏ဗိုက်ကိုသာ လက်ဖြင့်ဖွဖွလေးပွတ်သပ်နေလိုက်သည်။ Jiminကမီယာ့အား ခေါင်းစခြေဆုံးကြည့်၍ မျက်နှာအား တဖက်သို့လွှဲထားလိုက်သည်။
Jeonအိမ်တော်ရှေ့၌ ကားလေးရပ်သွားသောအခါ Jiminကအရင်ခြံထဲဝင်လာလိုက်ပြီး ဧည့်ခန်းတွင်ထိုင်ချလိုက်ကာ တီဗီအားဖွင့်၍ကြည့်နေလိုက်သည်။ မီယာကနောက်မှဝင်လာ၍ Jiminအားတချက်ကြည့်ကာ သူမ၏အခန်းရှိရာဒုတိယအထပ်သို့တတ်ရန်ပြင်စဥ် မီးဖိုခန်းထဲမှဟန်နာကထွက်လာ၍
"ပြန်တောင်ရောက်နေကြပြီပဲ......"
မီယာက ခေါင်းညိတ်ကာပြုံးပြပြီး အပေါ်သို့တတ်သွားသည်။ ဟန်နာက ဧည့်ခန်းထဲမှအဖြတ် Jiminက
"အမဟန်နာ!!"
ဟန်နာကလှည့်ကြည့်၍ Jiminအနားသို့လျှောက်လာပြီး
YOU ARE READING
အမုန်းမှလွန်၍...... (Completed)
Fanfiction"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်ပြီးလက်ခံပေးပါဦး Jeon Jungkookshii"