Ep-12(uni+Zg)🖤

5.8K 472 31
                                    

12

နံနက်မိုးလင်းချိန်၌Jiminတယောက်ကုတင်ပေါ်တွင်နိုးနေပါသော်လည်းမလှုပ်မယှက်ဖြင့်မျက်နှာကျက်ကိုသာစိုက်ကြည့်နေလေသည်။ထိုသို့ကြည့်နေရင်းမှ သူ၏ဘေးဘက်သို့လှည့်အိပ်ရင်းအိပ်စက်သူလစ်ဟင်းနေသောJeon၏အိပ်ယာလေးအားမြင်ရတော့ အလိုလိုဝမ်းနည်းလာသည်။ ထို့နေ့ညကအကြောင်းကိုပြန်တွေးမိတော့ လူကပိုလို့တောင်ငိုချင်လာရသည်။

ငါပြောခဲ့တာတွေလွန်သွားလို့လား........အမှန်ပြောတာပဲကို........။

================================

ထိုနေ့ညကJiminသည်ထမင်းစားပြီးနောက်Jeonအားမစောင့်တော့ပဲ ကိုယ့်အခန်းကိုသာပြန်လာခဲ့သည်။သူJeonနှင့်မျက်နှာချင်းမဆိုင်ချင်သေး.......သူ၏ပထွေးတောင်းခိုင်းသည့်ရှယ်ယာကို ဘယ်လိုမျက်နှာနှင့်တောင်းရမလဲမသိသောကြောင့်ဖြစ်သည်။ တယောက်ထဲကုတင်ပေါ်တွင် ကိုယ့်ဘဝအကြောင်းကိုယ်တွေးနေမိရင်းမှိုင်နေချိန်၌ရောက်လာသောထိုလူသားက

"ငါတို့တွေစကားပြောကြဖို့လိုမယ်ထင်တယ်"

Jiminသည်Jeonအားမော့ကြည့်သည့်အခါ နွေးထွေးသောမျက်ဝန်းအစုံနှင့်ဆုံသည်။ရင်ခွင်ထဲတိုးဝင်ပြီး ကိုယ့်အခက်အခဲတွေကိုအိတ်သွန်ဖာမှောက် ပြောပြီးချွဲချင်စရာကောင်းလောက်အောင် ဒီအမျိုးသားရဲ့အကြည့်တွေက နူးညံ့လွန်းလှသည်။ဒါပင်မယ့် Park Jiminက Park Jiminမလို့ မျက်နှာအားချက်ချင်းလွှဲလိုက်ကာ

"ငါ့မှာပြောစရာမရှိဘူး......"

"Park Jimin!!မင်းတခုခုဖြစ်နေတာငါသိတယ် ငါ့ကိုပြော​ပြလို့ရပါတယ်"

"ခင်ဗျားနဲ့ဆိုင်လို့လား"

Jeonကဒေါသထွက်လာပြီး

"မင်းနဲ့ငါကလက်ထပ်ထားတာလေ မဆိုင်ချင်လည်းဆိုင်ရမှာပဲ.......မင်းပြသနာကငါ့ပြသနာပဲ....အဲ့ဒါကြောင့် မင်းဘာဖြစ်နေသလဲဆိုတာငါ့ကိုပြော!!!"

အဆိုးလေးကပြောပြရမယ့်အစား နဂိုဗီဇလေးအတိုင်းအရွဲ့တိုက်ချင်စိတ်ကပိုများနေသဖြင့်

"လက်ထပ်ထားတယ်......?ချစ်လို့ကြိုက်လို့လက်ထပ်ထားတာလား.......မဟုတ်ဘူး......ငါ့ပထွေးကိုမငြင်းဆန်နိုင်လို့!!ခင်ဗျားလည်း ခင်ဗျားအမေကိုမလွန်ဆန်နိုင်လို့ လက်ထပ်ခဲ့ကြတာ!!! စောက်ရမ်းချစ်နေလို့ လက်ထပ်ခဲ့ကြတာမှမဟုတ်တာ!!!ဘာမှမဆိုင်ဘူး ကိုယ့်အကန်နဲ့ကိုယ်နေ!!"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now