Extra5(uni+Zg)

5.5K 304 47
                                    

ဆောင်းရာသီသို့ရောက်လာပြီဖြစ်သောကြောင့် ခရစ်စမတ်၏အငွေ့အသက်များနှင့်ဆောင်းရာသီ၏အငွေ့အသက်များကနှင်းကြိုက်သည့်သူ့အဖို့ အတော်လေးကိုစိတ်လှုပ်ရှားစရာဖြစ်နေလေသည်။ နှိုးစက်နာရီမှ သံပတ်ပေးထားသော မနက်၆နာရီသို့အချိန်ရောက်လာသည့်အခါ စောင်ခြုံထဲကွေးနေရာမှထလာလိုက်ပြီး လစ်လပ်နေသောအိပ်ယာဘေးသို့ကြည့်ကာ မျက်နှာမဲ့လိုက်သည်။

ဟွန့်! ငါ့အခန်းမှမဟုတ်တာ......။

ညဝတ်အင်္ကျီအပေါ်မှထပ်ဝတ်ထားသော ခရမ်းရောင်ဟူဒီ၏အိပ်ကပ်ထဲသို့လက်နှစ်ဖက်ထည့်လိုက်ကာ ရင်ဘက်မှ အဝါရောင်စာတန်း Youကိုငုံ့ကြည့်လိုက်ပြီး ခေါင်းစွပ်၏ထိပ်တွင်ထိုးထားသော အဝါရောင်စာတန်း Seven With Youဟူသောစာတန်းရှိမည့်နေရာအားကိုင်ကြည့်ကာ

"ဘာ sevenလဲ! ငါတစ်​ယောက်ထဲ ငါတစ်ယောက်ထဲ!"

မည်သူမျှမရှိသော အခန်းထဲမှထွက်လာကာ ဘေးရှိအခန်းထဲသို့တံခါးကိုဖြေးညှင်းစွာဖွင့်၍အသာလေးဝင်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ရန်ပြင်ဆင်သည်။ ရေချိုးခန်းထဲသို့ဝင်ခါနီးတွင်ကုတင်ပေါ်၌ အိပ်စက်နေသောသူအားကြည့်ကာ နှုတ်ခမ်းဆူလိုက်သည်။ ကုတင်ပေါ်တွင်အိပ်နေသူသည်လည်း ရေချိုးခန်းထဲမှရေကျသံကြောင့်နိုးလာသော်လည်းမျက်လုံးများမှိတ်ထား၍သာအသံကိုနားစွင့်နေလေသည်။ မကြာပါ ရေချိုးခန်းထဲမှထွက်လာသူက အဝတ်အစားလဲကာပြင်ဆင်ပြီးနောက် အခန်း၏ထောင့်တွင်ထားထားသော ခရီးဆောင်အိပ်အားယူကာ အခန်းအပြင်သို့ထွက်သွားသည်အထိသူ၏မျက်လုံးများကိုမှိတ်ထားတုန်းပင်ဖြစ်သည်။ ခြံအတွင်းမှ ကားထွက်သံကြားသောအခါ ဘေးစောင်းအိပ်နေရာမှ ပက်လက်လှန်လိုက်ကာနှဖူးပေါ်သို့လက်တင်၍ သင်ပြင်းပူမှုတ်ထုတ်လိုက်သည်။ အတွေးများကတောင်ရောက်မြောက်ရောက်ဖြင့် နောက်တစ်ကြိမ်ပြန်လည်အိပ်ပျော်သွားသည်။

တစ်ညလုံးမအိပ်ရထားသောကြောင့်ဖြစ်သည်။

=================

နီးကပ်လာသော လေယာဥ်ကွင်းအားမြင်သည့်အခါ လူဆိုးကောင်ကမျက်ရည်များရစ်သီလာပြီးသူ၏လက်ထဲမှ လေယာဥ်လက်မှတ်အားကြည့်ကာငိုမဲ့မဲ့ဖြင့်

You've reached the end of published parts.

⏰ Last updated: Nov 20, 2023 ⏰

Add this story to your Library to get notified about new parts!

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now