Ep-24(uni+Zg)🖤

6.7K 475 67
                                    

Jeonသည်သူ၏အတွင်းရေးမှုးJungအား အလုပ်တွေလက်စသတ်ပြီးပြန်လာခဲ့ရန်ဖုန်းပြောပြီးနောက် ကျန်ရှိနေသည့်စာရင်းများကိုထပ်စစ်နေရသည်။ ထိုအချိန်တွင်သူ၏ဖုန်းထဲသို့ မက်ဆေ့ဂျ်များဆက်တိုက်ဝင်လာသည်။Jeonက မျက်မှောင်ကျုံ့လိုက်ကာ ဖုန်းအားယူကြည့်လိုက်တော့ အသံဖိုင်နှစ်ခုနှင့်စာများဖြစ်သည်။Jeonက ပထမအသံဖိုင်အား ဖွင့်၍နားထောင်လိုက်တော့

"ကွာရှင်းမှာ.....ကွာရှင်းစာချုပ်မှာတောင်လက်မှတ်အရင်ထိုးပစ်မှာ"

Jeonသည်ခြေဖျားလက်ဖျားများအေးစက်လာပြီး ဒုတိယအသံဖိုင်ကို ထပ်ဖွင့်လိုက်တော့ သူ၏လူဆိုးကောင်က မီယာ့အားလုပ်ကြံရန် ပြောထားသော အသံဖိုင်ဖြစ်နေသည်။ Jeonကလုံးဝထိတ်လန့်သွားကာ လက်ထဲမှဖုန်းပင်အောက်သို့ပြုတ်ကြသွားသည်။

မဟုတ်ဘူး.....ဒါငါ့ကလေးမဟုတ်ဘူး......။

Jeonက အသက်ရှုသံများပြင်းထန်လာ၍ ပြုတ်ကျသွားသောဖုန်းအားပြန်ကောက်လိုက်၍ မီယာ့ဆီသို့ဖုန်းခေါ်လိုက်ပင်မယ့် မီယာက မကိုင်။ Jeonက နာရီအားကြည့်လိုက်တော့ နေ့လည်၁နာရိခွဲအတိ။ Jeonသည်သူ၏ကုမ္ပဏီ အတွင်းမှပြေးထွက်လာကာ ကားပေါ်သို့အမြန်တတ်၍ ဘူဆန်သို့သွားသည့်လမ်းမအတိုင်း အရှိန်အမြန်ဆုံးဖြင့်မောင်းနှင်လာခဲ့သည်။ မီယာ့ဆီသို့လည်းဖုန်းခေါ်မပျက်ပေ......။ Jeon၏ကားသည်seoulမြို့အပြင်ဘက်သို့ရောက်လာပြီးခနအကြာတွင် မလှမ်းမကမ်းတွင် Jeonအိမ်တော်သို့သူလွှတ်လိုက်သော ကားအားတွေ့ရ၍ ထိုကားအနားသို့ရောက်အောင် အလျင်အမြန်မောင်းသည်။ (မီယာက ကိုရီးယားကလမ်းတွေကိုမကျွမ်းကျင်တော့ ကားမောင်းနှေးလို့ Jeonကလိုက်မှီသွားတာပါနော်)

Jeonသည်မီယာ့အားဖုန်းခေါ်နေချိန်မှာပဲ လမ်းလေးခွဆုံသည့်နေရာသို့ရောက်ခါနီးတွင် ညာဘက်လမ်းမမှ ကုန်တင်ကားတစီးကအရှိန်ပြင်းပြင်းမောင်းနှင်နေပြီး မီယာ့၏ကားကတော့ ထိုလမ်းမကိုဖြတ်သန်းရန် အနည်းငယ်သာလိုတော့သည်။ Jeonက

"မဟုတ်ဘူး မဖြစ်ဘူး.....မီယာ!! မီယာ!!"

Jeonက ကားဟွန်းအားဆက်တိုက်တီးနေသည်။ မီယာသည် မြေပုံညွှန်းသည့်အတိုင်းကားကိုဖြေးဖြေးချင်းမောင်းနေရာမှ သူမ၏ကားအနောက်မှ ဟွန်းသံဆက်တိုက်ကြားနေရ၍ ကား backမှန်မှအနောက်သို့လှမ်းကြည့်လိုက်ချိန်မှာပင်......

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now