17
Jeonအိမ်တော်ထဲသို့ကားရပ်သည်နှင့်Jiminကတချိုးထဲအပေါ်ထပ်သို့ပြေးတတ်သွားသည်။Jeonက Jiminအားကြည့်ကာ အနောက်မှပြုံး၍လိုက်သွားသည်။လှေကားထိပ်ရောက်တော့အဒေါ်ကြီးက
"ညစာ ပြင်ထားလိုက်ရတော့မလား Jungkookie"
"ဟုတ်ကဲ့ ပြင်ထားလိုက်တော့နော် "
Jeonအပေါ်ထပ်သို့တတ်လာပြီး အခန်းထဲဝင်လာတော့ သူ၏လူဆိုးကောင်က ကုတင်ပေါ်တွင်တင်ထားသောလက်စွပ်ဗူးများထည့်ထားသည့် အထုတ်တွေအားစပ်စုနေသည်။ Jeonက ကုတင်ခြေရင်းရှိထိုင်ခုံတွင် ထိုင်လိုက်ပြီး
"မင်းအတွက်ဝယ်လာတာတွေ......ကြည့်ကြည့်ဦး"
Jiminကမျက်လုံးလေးပြူးကာ
"အကုန်လုံးလား!!"
Jeonကခေါင်းညိတ်ပြတော့Jiminက ကုတင်ပေါ်တွင်သေချာအကျအန တင်ပလွေခွေထိုင်လိုက်၍ ပထဆုံး တစ်ဗူးအားဖွင့်ကြည့်ကာ လက်၌စွပ်ကြည့်သည်။ မိမိလက်နှင့်ကွက်တိဖြစ်နေသောအခါ
"ကွက်တိပဲ......လှတယ်"
"မင်းကြိုက်လား"
"ကြိုက်တယ် ကြိုက်တယ်"
Jiminကစိတ်လှုပ်ရှားဟန်ဖြင့်ပြော၍ နောက်တစ်ဗူးအားဖွင့်ကြည့်ပြီး
"ဒါလေးလည်းလှတာပဲ......ဒါတွေအကုန်လုံးငါ့အတွက်လား"
"အင်း...."
"လက်စွပ်တွေကိုတော့ကြိုက်ပင်မယ့် မနက်ကကိစ္စကိုတော့မကျေနပ်ဘူးနော် ငါ့ကိုမောင်းထုတ်တာ!!"
"မင်းကိုမောင်းထုတ်တာမဟုတ်ပါဘူး......မင်းပြောတာတွေကအကြီးတယောက်ကိုပြောဖို့ဆိုတာမသင့်တော်ဘူးလေ အဲ့ဒါကြောင့်......"
"တော်ပါဗျာ......Taeနဲ့ယူဂျင်းကို တစ်ကွင်းစီပေးလို့ရလား သူတို့လည်းဒါမျိုးကြိုက်ကြတယ်"
"သဘော....သဘော....မင်းသဘော"
Jiminက စိတ်ကြိုက်ရွေးပြီးနောက် လက်စွပ်ဗူးလေးနှစ်ဗူးအား မီးအိမ်စားပွဲပေါ်သို့တင်လိုက်ပြီး ကျန်သည့်ဗူးများအားဘီဒိုထဲတွင်နေရာချနေလေသည်။ Jeonကတယောက်ထဲအလုပ်ရှုပ်နေသောJiminအားကြည့်ကာ သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ Jiminအရှေ့သို့ရောက်နေမိ၏။Jiminက ကုတင်ပေါ်မှ လက်စွပ်ဗူး၅ဗူးအားပိုက်ထားကာ
YOU ARE READING
အမုန်းမှလွန်၍...... (Completed)
Fanfic"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်ပြီးလက်ခံပေးပါဦး Jeon Jungkookshii"