29
မိုးဖွဲလေးများကျဆင်းနေကာ မှိုင်းညို့အုံ့ဆိုင်းနေသော အေးစိမ့်စိမ့်မနက်ခင်း၌ Jeonတယောက် ဇောချွေးများပျံနေလေသည်။ အေကြာင်းအရင်းကသူ၏အသဲအသက်လူဆိုးကောင်က တညလုံး ဟာလာဟင်းလင်းအနေအထားဖြင့်အချိန်အတော်ကြာရှိနေခဲ့သည့်အတွက် အအေးပတ်ကာ အဖျားတတ်နေခြင်းကြောင့်ဖြစ်သည်။ Jeonသည်ကုတင်ပေါ်ရှိ စောင်အထူကြီးအောက်တွင် လုံးလုံးလေးအိပ်နေသူအား ကိုယ်ပူစမ်းလိုက် ခိုးနမ်းလိုက်ဖြင့် အလုပ်ဖြစ်နေလေသည်။ Jiminက အိပ်နေရာမှ မျက်လုံးများဖွင့်ကြည့်ကာ
"တကိုယ်လုံးညောင်းနေတာပဲ......"
ထိုသို့ပြောတော့Jeonက စောင်အားဖယ်လိုက်ပြီး Jimin၏ခြေထောက်များအားနှိပ်ပေးလိုက်ပြီး
"မင်းကဲထားတာလေ တညလုံး......"
JiminကJeonအားဆူပုပ်ပုပ်ဖြင့်ကြည့်နေပြီး
"အဲ့ဒါကိိုကို့ကြောင့်လေ.....ဘာမှလာမပြောနဲ့ Taehyung တို့ကိုခေါ်ပေး!!"
"ဘာလုပ်မလို့လဲ....အိမ်မှာရှုပ်ရှုပ်ရှပ်ရှပ်တွေမကြိုက်ဖူးနော်.....ဖဲကစားဖို့မစဥ်းစားနဲ့..... ဟယ်လို အတွင်းရေးမှုး Jungလား...... "
"............"
"ဟုတ်တယ် မတွေ့ရတာကြာပြီ ဒါကျနော့်နံပါတ်အသစ်လေ မှတ်ထားလိုက်ဦး"
".........."
"ကိစ္စက အတွင်းရေးမှုးJungရဲ့ကောင်လေးကို အိမ်တော်ကိုလွှတ်လိုက်ပါဦး အိမ်က ကလေးကနေမကောင်းတော့ တွေ့ချင်တယ်ဆိုပြီး ဂျီကျနေလို့...... "
"........"
"ဟိုတယောက်ပါ ပါတယ်နော်......အတွင်းရေးမှုးJungလည်း လာခဲ့ပါလား မတွေ့ရတာကြာတော့ ကုမ္ပဏီကအကြောင်းတွေလည်းသိချင်လို့...... "
"........."
"ကောင်းပါပြီ.....ဒါဆိုထမင်းစားဖိတ်ပါတယ်ဗျာ..."
Jeonသည်ဖုန်းပြောပြီးနောက်
"ခေါ်ထားလိုက်ပြီနော်.... အိမ်မှာလူရှုပ်တာကြိုက်တာမဟုတ်ဘူး.....မင်းကြောင့်မို့လို့"
Jiminက အိပ်နေရာမှထလာပြီး Jeon၏ပေါင်ပေါ်သို့ဘေးတစောင်းထိုင်ကာ လည်ပင်းအားသိုင်းဖက်၍ ပခုံးတွင်ခေါင်းမှီလိုက်ပြီး
YOU ARE READING
အမုန်းမှလွန်၍...... (Completed)
Fanfiction"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်ပြီးလက်ခံပေးပါဦး Jeon Jungkookshii"