22
နံနက်ခင်း၏ပြယုဂ်ဖြစ်သော နေရောင်ခြည်နွေးနွေးဖြာကျနေသောမနက်ခင်း၌ Jiminသည်အရင်နိုးနှင့်နေကာ Jeon၏ရင်ခွင်ထဲ၌ အညိမ်မနေပဲ Jeon၏ရင်ဘက်အားနမ်းလိုက် မေးစေ့အားမော့နမ်းလိုက် နှုတ်ခမ်းပါးအောက်မှ မှည့်နက်လေးအားမော့နမ်းလိုက်ဖြင့်တယောက်ထဲအလုပ်ရှုပ်နေသည်။Jeonသည်မိမိရင်ခွင်ထဲရှိလှုပ်စိလှုပ်စိဖြစ်နေသောလူသားလေးအားတင်းကျပ်စွာထွေးပွေ့လိုက်၍ပါးပြင်နုနုလေးအား သူ၏နှာခေါင်းလုံးလုံးကြီးကိုနစ်နေအောင်နမ်းလိုက်ပြီး
"ညစ်ပတ်နေတာပဲ"
ထိုအခါလှုပ်စိလှုပ်စိလေးကJeonအားချက်ချင်းပင်မော့ကြည့်ကာ
"ညစ်ပတ်အောင်ဘယ်သူလုပ်ထားတာလဲ!!"
Jeonကမျက်လုံးများဖွင့်ကြည့်လိုက်၍
"ပြောပါဦး ကိုယ့်ကလေးကိုညစ်ပတ်အောင်ဘယ်သူလုပ်ထားတာလဲ....."
JiminကJeon၏ရင်ခွင်ထဲတိုးဝင်ကာ
"ကိုကိုလုပ်ထားတာ....."
"ကိုကိုကဘယ်လိုလုပ်လိုက်လို့ ညစ်ပတ်သွားရတာလဲ......"
"တော်ပြီဗျာ! ဖယ်တော့ရေချိုးတော့မယ်........ ဒီနေ့ကုမ္ပဏီကိုလိုက်ခဲ့မယ်နော်"
JeonကJiminအားရင်ခွင်ထဲမှထုတ်လိုက်ကာ
"အာ....ဒီနေ့တော့လိုက်လို့မရဘူး....ကိုယ်ဒီနေ့သွားစရာရှိတယ်"
"ဘယ်သွားမှာလဲ......ဘယ်သူနဲ့လဲ"
"မီယာနဲ့....... ကိစ္စရှိလို့"
Jiminသည်Jeonကသူ့အားမပြောပြချင်မှန်းသိသည်မို့ ထပ်မမေးတော့ပဲ နေလိုက်သည်။ Jeonသည်မျက်နှာမကောင်းဖြစ်သွားသူလေးအား
"ထ....ကိုယ်သန့်ရှင်းရေးလုပ်ပေးမယ်"
"ရတယ်.....ကိုယ့်ဘာသာပဲလုပ်တော့မယ်"
ဟုပြောကာ ချွတ်ထားသောဘောင်းဘီအားပြန်ဝတ်၍ကုတင်ပေါ်မှကွတကွတနှင့်ဆင်းတော့Jeonက
"ဘာကိုကောက်တာလဲ Park Jimin!!"
JiminကJeonအားလှည့်ကြည့်ကာ
"ဘယ်မှာကောက်နေလို့လဲ!! လာရစ်မနေနဲ့ ငါလည်းသွားစရာရှိတယ်!!"
YOU ARE READING
အမုန်းမှလွန်၍...... (Completed)
Fanfiction"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်ပြီးလက်ခံပေးပါဦး Jeon Jungkookshii"