15
ညရောက်သည့်အချိန်တွင် ဧည့်ခန်းထဲရှိလေထုမှာ တိတ်ဆိတ်ကာအေးစက်နေလေသည်။Jiminကဆိုဖာပေါ်တွင် ခြေဆင်းထိုင်နေပြီးလက်ပိုက်ထားကာ မီယာ့အား မျက်တောင်မခတ်ကြည့်နေသည်။ မီယာကတော့Jiminအားအကြည့်လွှဲသည့်အနေဖြင့် ခေါင်းသာငုံ့ထားသည်။ ဆိုရာနှင့်ဟန်နာက Jiminထိုင်နေသောအနောက်တွင်မတ်တပ်ရပ်နေ၍ အဒေါ်ကြီးကတော့မီယာ့ဘေးတွင်ထိုင်နေသည်။ ထိုအချိန်တွင်ခြံထဲသို့ဝင်လာသောကားဟွန်းအသံကြောင့် Jimin၏ခန္ဓာကိုယ်လေးကဆက်ကနဲ မတ်သွားပြီးမျက်လုံးများကလည်းအရောင်လက်သွားသည်။ ထို့နောက်အခန်းထဲသို့ဝင်လာသောJeon.....
"မီယာ....."
"Jeon"
Jeonကမီယာ့အား စိတ်လှုပ်ရှားစွာဖက်လိုက်ပြီးမီယာကလည်းအလိုက်သင့်ပြန်၍ဖက်ထားသည်။ ထိုအခါ အဒေါ်ကြီးနှင့် ဆိုရာတို့ညီအမက Jiminအားကြည့်ကြတော့ Jiminကမျက်နှာကိုလွှဲနေလိုက်သည်။
"ကိုယ်အခုမှဦးလေးကြီးပြောမှသိတယ်.....မီယာရောက်နေတယ်ဆိုတာကို......လာမယ်ဆိုကြိုပြောပေါ့ ကိုယ်လာကြိုမှာပေါ့....."
"အင်း မီယာလည်းကိစ္စကအလျင်လိုနေတာနဲ့ မပြောဖြစ်ပဲထွက်လာလိုက်တာ"
လူဆိုးကောင်လေးက လျစ်လျူရှုခံထားရလို့ဝမ်းနည်းလာကာ အပေါ်ထပ်သို့ပြေးတတ်သွားသည်။ Jeonနှင့်မီယာကJiminအားမျက်စိတဆုံးလိုက်ကြည့်နေပြီး Jeonက
"သူက ကိုယ့်အမျိုးသားလေ......နည်းနည်းတော့ဆိုးတယ်....ပြီးတော့နားလည်ရလည်းခက်တယ်"
မီယာကပြုံးကာခေါင်းညိတ်ပြသည်။
"ဗိုက်ဆာနေပြီလား မီယာ......ကိုယ်ရေချိုးပြီးမှ ညစာစားကြမှာဆိုတော့....."
"ရတယ်....ရတယ်.....အေးဆေးလုပ်ပါ"
"ဒါဆို ခွင့်ပြုဦးနော်"
Jeonကအပေါ်ထပ်အခန်းထဲသို့ဝင်လာတော့ Jiminကကုတင်ပေါ်တွင် စောင်ကိုခေါင်းထိခြုံထားသည်။ Jeonက တချက်ကြည့်၍ ရေချိုးခန်းထဲသို့ဝင်ကာရေချိုးခြင်းအမှုအားဆောင်ရွက်သည်။ ရေချိုးပြီးပြန်ထွက်လာသည်အထိ သူ၏လူဆိုးကောင်က ထိုအတိုင်းပင်ရှိနေသေးသည်။ Jeonက ဆံပင်အားရေသုတ်နေရင်း ကုတင်ဘေးတွင်ဝင်ထိုင်၍
YOU ARE READING
အမုန်းမှလွန်၍...... (Completed)
Fanfiction"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်ပြီးလက်ခံပေးပါဦး Jeon Jungkookshii"