ထိုညကဆောနူတစ်ယောက်တော်ရုံနဲ့အိပ်မပျော် အရင်ညတွေကလဲအိပ်ပျော်တာမျိုးမဟုတ်ပေမယ့် ဆေးရုံကပြန်လာပြီးကတည်းကသူ့စိတ်တွေပိုခြောက်ခြားလာမိသည်။ဒေါက်တာကင်မင်ယောင်းရဲ့စကားကသူ့ရဲ့အတွေးတွေကိုပိုနက်နဲသွားစေသည်။
Vampire ကိုယုံလား???
ဒေါက်တာရဲ့အမေးတို့ကိုပြန်ကြားရေယာင်ရင်း သူ့လက်ကအလိုလိုလည်ပင်းထက်ကဒါဏ်ရာဆီသို့။ဆောနူဟာ ဘာမှမစဉ်းစားနိုင်လောက်အောင်တုံးအနေတာမျိုးလဲမဟုတ် ဒါဆိုသူမပြောချင်တဲ့ အဓိပ္ပါယ်က....သူအကိုက်ခံခဲ့ရတာပေါ့!!!!
ရုတ်တရက် ဆွဲ"ငင်"အူလာတဲ့ခွေးဟောင်သံတွေကြောင့် ကြက်သီးကြက်မွှေးတို့ထလာတော့သည်။တဖက်အခန်းဆီမှာအိပ်ပျော်နေပြီဖြစ်တဲ့ ဖေဖေနဲ့မေမေရဲ့အသက်ရှူသံပြင်း"ကိုသူအတိုင်းသားကြားလာနေရပြန်သည်။ထပ်ပြီးသူ့စိတ်တွေ စိတ်ရူးပေါက်လာနေပြန်ပြီ...
ခပ်မြန်မြန်ဘဲအခန်းပြင်ကိုပြေးထွက်သွားလိုက်ပြီး အိမ်အောက်ထပ်ကခြံထဲမှာသူတစ်ယောက်ထဲမတ်တပ်ရပ်နေမိသည်။သူ့ခေါင်းပေါ်ကအလင်းရောင်ခပ်ဖျဖျကိုမော့်ကြည့်လိုက်တော့ သူမြေပြင်ပေါ်ဖင်ထိုက်လျက်လဲကျသွားရလောက်တဲ့ထိအထိတ်တလန့်မင်သက်သွားမိသည်။
ဘာလို့...လက အနီရောင်ပြောင်းနေရတာလဲ????
အိပ်ချင်မူးတူးဖြစ်နေတဲ့သူ့ကိုကိုကျိန်ဆဲရင်း မျက်လုံးတို့ကိုလက်ခုံတို့အကြမ်းပတမ်းပွတ်တွန်းလိုက်ပြီး နောက်တစ်ခေါက်ကောင်းကင်ကိုပြန်မော့ကြည့်လိုက်တော့ လကခုနကလိုမဟုတ်ဘဲပုံမှန်အတိုင်းလင်းထိန်နေပြန်ရော။အဲ့တော့မှသက်ပြင်းတို့ချမယ်ကြံသေး အရှေ့ကဖျတ်ခနဲပြေးသွားတဲ့အရိပ်ကြောင့် အလန့်တကြားမန်တပ်ထရပ်လိုက်မိသည်။ဒီနေ့မှသူခန္ဓာကိုယ်ကပုံမှန်ထက် သွက်လက်လှုပ်ရှားနေသလို
ဆောနူကိုယ့်ကိုယ်ကိုသတိမထားမိလိုက်ခင်မှာဘဲ သူကိုယ်တိုင်လဲခြံပြင်ရောက်နေလေပြီ။ညသန်းခေါင်ယံမို့ဝါကျင့်ကျင့်လမ်းမီးရောင်တို့က အမှောင်ကတစုံတခုကိုညွှန်ပြနေဟန်။
သူ့ကိုကြောပေးရာရပ်နေတဲ့ အမှောင်ထဲကအနက်ေရာင်လောင်းကုတ်အရှည်နဲ့လူကို ကြည့်နေမိသည်။ကြောက်စိတ်တို့ကကြီးစိုးလျက် နောက်ပြန်လှည့်ဖို့အချိန်လဲမရှိတော့ ဘာလို့ဆိုထိုလူဟာလဲ အနောက်မှာသူရှိနေတာကိုခံစားမိမှာအသေအချာ
YOU ARE READING
00:00 𝓑𝓮𝓰𝓲𝓷; //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌
Fanfiction𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 𝙺𝚒𝚖 𝚂𝚞𝚗𝚘𝚘 "သူကရော အခုလူလား? vampire လား?" "အနားကနေထွက်သွားဖို့မကြိုးစားပါနဲ့တော့ လူဖြစ်ဖြစ်vampireဖြစ်ဖြစ်သဘောကျတာမို့လို့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့" ~~~🎃🩸🧛🍷~~~ my first fanfic လေးမို့အမှားတစ်စုံတစ်ရာပါခဲ့ပါကန...