ချစ်တယ်...
အရမ်းချစ်တယ်...ဘာလို့လဲမမေးနဲ့!
မင်းမို့လို့...ချစ်တာ
တခြားအကြောင်းပြချက်လိုလို့လား!.
.
ပိုင်ဆိုင်ပြီးသားအရာကိုပြန်ငေးကြည့်နေရတာလောက်ရင်နာစရာကောင်းတာရှိပါအုံးမလား။တစ်ဘဝလုံးထိုမိန်းကလေးကသာထာဝရလက်တွဲဖော်ဟုထင်ထားခဲ့ပြီးမှ ကံကြမ္မာကလှည့်စားလိုက်ပုံများ ဘာအတိတ်မှတ်ညဏ်တို့မှမရှိနိုင်တော့တဲ့အသစ်တစ်ဖန်မွေးဖွားချင်းတို့နဲ့အတူ ထိုအချစ်ကယောက်ျားလေးတစ်ယောက်အဖြစ်ပါတဲ့လေ။ယန်းဂျောင်ဝန်း!
အုတ်ဂူဖြူလေးထက် ပန်းရောင်carnationပန်းစည်းလေးကိုအသာတင်ပြီး သက်ပြင်းဖွဖွချလိုက်မိပြန်တယ်။carnationပန်းလေးတွေလိုဘဲ ကိုယ်ကတော့မင်းကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး ကိုယ့်အချစ်။
"သူလား? နာမည်ကတကယ်ကြီးတူတာဘဲ"
ဘေးနားယှဉ်ရပ်ကာ အံ့ဩမှုမရှိတဲ့မျက်နှာလေးနဲ့ကောင်ငယ်လေးတဖြစ်လဲ သူဟာယန်းဂျောင်ဝန်းပါဘဲလေ
"ခင်များ သိပ်ချစ်ရတဲ့ယန်းဂျောင်ဝန်းဆိုတဲ့သူမလား?"
"အင်း"
"ဒါဆိုကျနော်ကရော"
ကိုယ့်အချစ်ကယန်းဂျောင်ဝန်းတစ်ယောက်ထဲ။
"ချစ်တယ် ယန်းဂျောင်ဝန်း"
သူ့အဖြေကအဲ့တာဘဲ အရင်ဘဝဘဲဖြစ်ဖြစ်အခုဘဝဘဲဖြစ်ဖြစ်
သူ့အရှေ့ကယန်းဂျောင်ဝန်းကိုသိပ်ချစ်ပါသည်။"ပတ်ဂျုံဆောင်း အခုဖြေနော် 'ယန်းဂျောင်ဝန်း'ဆိုပြီးဇွတ်အော်မနေနဲ့ ကျနော်လား?သူမလား?"
အချစ်ကသိပ်ရစ်တာဘဲ။
သူ့ကိုယ်သူလဲသိပ်သဝန်တိုတတ်တာ။လက်ကောက်ဝတ်လေးအသာဆွဲကာရင်ခွင်ထဲထည့်သွင်းလိုက်တော့ အရင်လိုရုန်းကန်တာမျိုးမလုပ်တော့ဘဲ အသာတကြည်ပါလာ၏။
"ကိုယ့်မှာမင်းတစ်ယောက်ထဲဘဲရှိတာလေ ကိုယ်ကဘယ်သူ့ကိုရွေးချယ်နေရအုံးမှာလဲ အရူးလေးရဲ့"
အသည်းယားလို့ဆံပင်ဖျော့လေးတွေကိုဆွဲဖွလိုက်တော့ မျက်ဝန်းဝိုင်းလေးတွေကမော့ကြည့်လာပြန်တယ်။ထိုမျက်နှာလေးမြင်လိုက်တိုင်း သိပ်မြတ်နိုးလို့ပြုံးနေမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။
YOU ARE READING
00:00 𝓑𝓮𝓰𝓲𝓷; //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌
Fanfic𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 𝙺𝚒𝚖 𝚂𝚞𝚗𝚘𝚘 "သူကရော အခုလူလား? vampire လား?" "အနားကနေထွက်သွားဖို့မကြိုးစားပါနဲ့တော့ လူဖြစ်ဖြစ်vampireဖြစ်ဖြစ်သဘောကျတာမို့လို့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့" ~~~🎃🩸🧛🍷~~~ my first fanfic လေးမို့အမှားတစ်စုံတစ်ရာပါခဲ့ပါကန...