8🩸

315 50 3
                                    

ဆောင်ဟွန်းနဲ့တွဲပြီးကတည်းက သူတို့နှစ်ယောက်လုံးညဖက်တွေတွေ့ဖြစ်တာပိုများလာတယ်။ဟိတ်! တမျိုးမထင်ကြပါနဲ့ဆောင်ဟွန်းနဲ့ဂျုံဆောင်းကvampireဆိုတော့နေရောင်ကိုမခံနိုင်ဘူးလေ။ကျောင်းမှာတွေ့တာမျိုးဆိုရင်တောင်အရိပ်ရှိတဲ့နေရာတို့ဘာတို့မှာရှိနေတတ်တာ။

ဆောနူထင်ထားတာထက်ဆောင်းဟွန်းကဆောနူကိုပိုချစ်ပါတယ်။အစစအရာရာဂရုစိုက်ပေးတတ်တယ်။ယန်းဂျောင်ဝန်းကတောင်အမြင်ကတ်လို့ပြောနေလေပြီ။

"အမြင်ကတ်လာပြီနော် သိပ်ကြည့်မရတော့ဘူး"

"ပြောပါတယ်အကိုဂျုံဆောင်းကိုလက်ခံပေးလိုက်ပါလို့"

"တိတ်စမ်း! သူ့ကိုကပိုကြည့်မရဘူး ဘာမှမဘာသေးတာတောင်လူကိုတချိန်လုံးကြည့်ကြည့်နေတာ သူ့ရဲ့အစွယ်နှစ်ချောင်းကမကြာခင်ငါ့လည်ပင်းကိုစိုက်ဝင်လာတော့မလိုခံစားရတယ်"

"အဲ့လောက်လဲမဟုတ်ပါဘူး"

"ဂျောင်ဝန်းဒီညလဲကိုယ်ပဲအိမ်ပြန်လိုက်ပို့ပေးမယ်နော်"

"နိုးပါနော် ပတ်ဂျုံဆောင်းရှီး ကျနော်ဒီညဆောနူနဲ့တူတူပြန်မှာ"

"...."

"မဟုတ်သေးဘူးလေ ဆောနူကသူ့ကောင်လေး_‌ေဆာင်ဟွန်းနဲ့တူတူပြန်မှာပေါ့ ဂျောင်ဝန်းကသူများချစ်ခြင်းမခွဲပါနဲ့"

"မခွဲပါဘူး ကျနော်ကဆောနူနဲ့တူတူပြန်မှာ"

ဆောနူကတော့မျက်နှာငယ်လေးနဲ့ဆောင်ဟွန်းကိုလှည့်ကြည့်ရှာပါတယ်။ဆောင်ဟွန်းကတော့ဂျုံဆောင်းကိုသာစောင်းကြည့်လာသည်။ယန်းဂျောင်ဝန်းတို့မွှေလိုက်ရင်အတွဲတွေလဲအငြိမ်မနေရ။

"ဂျောင်ဝန်းနီးကလဲငါကဆောင်ဟွန်းလိုက်ပို့ပေးမှာလေ မင်းကဂျုံဆောင်းနဲ့ပြန်လိုက်လေတစ်ခုခုကိုငါတို့ဘာမှမလုပ်တတ်ဘူးနော်"

"အင်းးတစ်ခုခုဆိုသူတို့လှမ်းခေါ်လိုက်မှာပေါ့ ကင်ဆောနူ!ဘာလဲမင်းကရည်းစားရသွားတော့ဒီသူငယ်ချင်းကိုပယ်လိုက်တော့တာပေါ့ အဲ့လိုလား"

"အယ်!အဲ့လိုမဟုတ်ဘူးလေ...အင်းအင်း တူတူပြန်မယ်နော်"

"Ok!"

00:00  𝓑𝓮𝓰𝓲𝓷;   //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌Where stories live. Discover now