9🩸

287 45 0
                                    

"ကိုယ်ကြောက်တယ် ဆောနူရဲ့"

"......?"

ကင်ဆောနူတို့ပတ်ဆောင်ဟွန်းဆိုတဲ့vampireကြီးကိုပါးစပ်အဟောင်းသားနဲ့ကြောင်အစွာကြည့်နေမိတော့သည်။

ကြောက်တယ်??
နေစမ်းပါအုံး! ဖေဖေမေမေနဲ့လိုက်တွေ့ရဖို့ကိုဆောင်ဟွန်းကကြောက်လို့တဲ့လေ ဒါဖြစ်သင့်လား?ပြော ဖြစ်သင့်လားလို့..
ကိုယ့်မှာတော့ရည်းစားလေးတစ်ယောက်ရလို့ အရေးစွန့်ပြီးဖေဖေမေမေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီး အိမ်ကလူကြီးတွေကိုမျက်နှာငယ်လေးလုပ်ပြီး ရင်တုန်ဖင်တုန်ပြီးပြောပြထားရတာကို အဲ့ပတ်ဆောင်ဟွန်းဆိုတဲ့လူကြီးက အဲ..vampireကြီးကကြောက်ပါတယ်တဲ့ ကင်ဆောနူလေးဆွံ့အမိပါတယ်နော်

"မေးပါရစေအုံးနော် ပတ်ဆောင်းဟွန်းရှီ"

"ဟင်"

"ဟိုတစ်နေ့က ဟန်ဆူဟိုကိုအ‌မုန်းကြိတ်ခဲ့တာဘယ်သူပါလိမ့်လို့"

"အဲ့တာက..."

𝑂𝑂:𝑂𝑂 𝑩𝒂𝒄𝒌⇦

"ပတ်ဂျုံဆောင်းနဲ့ပတ်ဆောင်းဟွန်းကိုအရင်ကျော်လိုက်"

ဆိုတဲ့‌အကိုဂျုံဆောင်းရဲ့စကားအဆုံး လေအလျှင်လို‌ပြေးဝင်လာတဲ့နှစ်ယောက်ကြောင့် မျက်လုံးတို့ပြူးကျယ်ကုန်တော့သည်။

ထိုအလျှင်ကိုဟန်ဆူဟိုကမရှောင်လိုက်နိုင်ပေမယ့် သူကလွှတ်အောင်ရုန်းကန်နိုင်ပါသေးသည်။ဆောနူနဲ့ဂျောင်ဝန်းကိုတွန်းဖယ်လိုက်တာမို့ ဆောင်ဟွန်းနဲ့ဂျုံဆောင်းမှာအသာထိန်းဖမ်းပြီး အဆင်ပြေလားတစ်ချက်သာမေးပြီး ဟန်ဆူဟိုနောက်လိုက်ကြပြန်သည်။

ထင်ထားတာထက်ဟန်ဆူဟိုကလဲအားပြင်းလွန်းသည်။နှစ်ပေါင်းများစွာသောက်သုံးလာတဲ့သွေးတို့ကအစွမ်းပြသည်။နှစ်ယောက်တစ်ယောက်ပေမယ့်တိုက်ခိုက်ရတာကလွယ်တော့လွယ်မနေ။ဆောနူနဲ့ဂျောင်ဝန်းကဘာမှဝင်မကူနိုင်သလို ရပ်သာကြည့်နေနိုင်တော့တယ်။

ဓားတစ်လက်နဲ့တစ်လက်ပွတ်တိုက်သံတို့ကရင်ထိတ်စရာ။တစ်ချက်တစ်ချက်တိုးဝင်လာတဲ့ဓားသွားတို့က သာမာန်လူဆိုအပိုင်း"ပြတ်နေလောက်ပြီ။

00:00  𝓑𝓮𝓰𝓲𝓷;   //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌Where stories live. Discover now