7🩸

271 52 3
                                    

ဒုဓလီပန်းလေးတွေနဲ့အတူလေနှင်ရာလွင့်ပျယ်သွားတဲ့ပန်းဝတ်မှုံတို့ကြားကောင်လေးကပါးချိုင့်နက်တို့ပေါ်သည်ထိပြုံးရယ်နေခဲ့သည်။ဒုဓလီပန်းငယ်လေးတို့ဆီကကောင်းချီးဆုတောင်းစကားတို့ရလိုက်သလို...အရည်ကြည်တို့လဲ့နေတဲ့မျက်ဝန်းတို့က ဝမ်းနည်းတလှည့်ပျော်တလှည့်...ချစ်ရသူအားသိပ်လွမ်းနေခဲ့၏။

"ဒီနေရာကအရမ်းလှတာဘဲ"

ဒုတိယအကြိမ်ထပ်ကြားခဲ့ရပြီဖြစ်တဲ့စကားလုံးတချို့တို့..."မင်းအရင်ကလဲရောက်ဖူးပါတယ်ကိုယ့်အချစ်ရယ်..ပြီးတော့ဒီလိုစကားမျိုးထပ်တူပြောဖူးတယ်လေ"
လို့ပြောပြလိုက်ချင်တာတကယ်တမ်းတော့...

"ဂျောင်ဝန်းသဘောကျတယ်မဟုတ်လား?"

"အင်း ဒါနဲ့ဒီနေရာကတကယ်ရှိတာပါနော် ခင်များဖန်တီးထားတာမျိုးမဟုတ်ဘူးမလား?"

"တကယ်ရှိတာပါ ကိုယ့်ကိုယုံ"

"ကျနော်ကိုဘာလို့ဒီကိုခေါ်လာတာလဲ ပြီးတော့ပြောစရာရှိတယ်ဆို"

ဒုဓလီပန်းခင်းကြီးထဲသူရယ်ဂျုံဆောင်းရယ်နှစ်ယောက်ထဲသာ။သူတို့နှစ်ယောက်လုံးကပန်းခင်းကြီးရဲ့အလယ်မှာရပ်နေခဲ့ကြတာ ဒါဟာနည်းနည်းတော့ရင်ခုန်ရတယ်။အနေထားက ချစ်ရတဲ့သူကိုဖွင့်ပြောတော့မယ်typeဆိုပေမယ့် တကယ်တန်းသူတို့နှစ်‌ေယာက်ကအဲ့လောက်လဲရင်းနှီးမနေပါ။အခုမှပုံမှန်ဆက်ဆံရေးတစ်ခုကိုအစပြုရုံလောက်သာရှိသေးတယ်လို့သူတော့ထင်တာဘဲ

"ဂျောင်ဝန်းတကယ်လို့မင်းက ကိုယ်နဲ့သက်ဆိုင်ခဲ့တဲ့တစ်စုံတစ်ခုဆိုရင်ရော မင်းကိုယ့်ကိုဘယ်လိုမြင်လဲ?"

"အဲ့လိုသာဆိုကျနော်မှာမေးစရာမေးခွန်းတွေအများကြီးရှိရမှာပေါ့"

"ယုံတာလား?"

"မယုံဘူး!"

"...."

"ဒါပေမယ့်...အရင်နားထောင်မယ်...ခင်များရဲ့ပုံပြင်ကို"

"ကိုယ့်ပုံပြင်ကရိုးရှင်းပါတယ် မင်းကကိုယ်သိပ်ချစ်ခဲ့ရတဲ့မိန်းကလေး"

"ခင်များမှားနေပြီ ကျနော်ကယောက်ျားလေးတစ်ယောက်ပါ ပတ်ဂျုံဆောင်း"

00:00  𝓑𝓮𝓰𝓲𝓷;   //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌Where stories live. Discover now