"ဆောနူကကိုယ့်ကိုခေါ်တာ ဘာပြောစရာရှိလို့လဲ"
"ဆောင်ဟွန်းကမအားလို့လား?"
"အားတယ်မအားဘူးဆိုတာထက် ဆောနူများတစ်ခုခုဖြစ်လို့ခေါ်တာလားလို့ပါ"
ဟုတ်တယ်မဟုတ်လား?ဆောနူကသူ့ကိုသူ့အနားမှာရှိနေပေးဖို့တောင်းဆိုခဲ့တာက အန္တရယ်တစ်ခုခုကြုံတဲ့အခါမျိုးမှာခေါ်လိုက်တာမျိုးလို့သူထင်နေတာ။ဆောနူကနားလည်ရခက်တာဘဲ။
"ဒေါက်တာကင်မင်ယောင်းကဘယ်လိုလူမျိုးလဲဟင် ဆောင်ဟွန်းတို့နဲ့ရင်းနှီးသလားလို့"
"ဆောနူတို့နဲ့လဲရင်းနှီးတာဘဲမဟုတ်လား?"
"မတူဘူးလေ ဆောင်ဟွန်းရဲ့ ကျတော်မေးချင်တဲ့အဓိပ္ပါယ်ကိုဆောင်းဟွန်းသိသားနဲ့"
ဆောနူကိုစရလို့ သူထပ်ပြုံးလိုက်မိသည်။
"မင်ယောင်းက သွေးနှောလူသားတစ်ယောက် အဖေကကိုယ်တို့မျိုးနွယ်စုကအရာရှိvampireတစ်ကောင် အမေကလူသားသူမလိုဘဲဆရာဝန်တစ်ယောက်လေ"
"ထူးဆန်းလိုက်တာ အဲ့လိုမျိုးတွေကတကယ်ရှိတာဘဲ"
"အင်း အဲ့တာကြောင့်မင်းကိုကြည့်ပေးဖို့မင်ယောင်းကိုအကူညီတောင်းခဲ့တာ"
"အင်းအင်း ဒေါက်တာKimကဆောင်ဟွန်းတို့နဲ့သူငယ်ချင်းလား?"
"အင်း"
"ကျတော်နားလည်ပြီ...ဆောင်ဟွန်း"
"ဟင်"
"vampireတွေကဘယ်အချိန်သွေးဆာတာလဲဟင်"
တကယ်တော့သူဒီမေးခွန်းကိုမေးဖို့အတွက်အတော်လေးကိုအားယူလိုက်ရတာ။တဖက်လူအတွက် ဖြေရခက်တာမျိုးဖြစ်မှာလဲစိုးမိတယ်။သူဆောင်ဟွန်းကိုသေချာအကဲခတ်ကြည့်နေမိတုန်း
ရုတ်တရက်ကြီးဆောင်ဟွန်းရဲ့အကြည့်တွေကသူ့လည်ပင်းဆီသို့။သူဆောင်ဟွန်းကိုအလန့်တကြားကြည့်နေမိတုန်း ဆောင်ဟွန်းရဲ့နှုတ်ခမ်းတို့ကြားကတဆင့်မြင်လိုက်ရတဲ့အစွယ်ဖြူတို့ကြောင့် သူတုန်တက်သွားမိသလိုေတာင်ခံစားလိုက်ရတယ်။အို! သူတော့မေးခွန်းမှားမေးမိပြီထင်။
"ဆောင်...ဆောင်ဟွန်း ကျတော်ကလေ"
သူခေါ်လိုက်ပေမယ့်ဆောင်ဟွန်းကသူ့အနားတဖြည်းဖြည်းတိုးလာနေတာကြောင့်သူအသက်ရှူပင်အောင့်ထားလိုက်မိသည်။မျက်လုံးတို့ကိုလဲခပ်တင်းတင်းမှိတ်ဖို့မမေ့။
YOU ARE READING
00:00 𝓑𝓮𝓰𝓲𝓷; //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌
Fanfiction𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 𝙺𝚒𝚖 𝚂𝚞𝚗𝚘𝚘 "သူကရော အခုလူလား? vampire လား?" "အနားကနေထွက်သွားဖို့မကြိုးစားပါနဲ့တော့ လူဖြစ်ဖြစ်vampireဖြစ်ဖြစ်သဘောကျတာမို့လို့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့" ~~~🎃🩸🧛🍷~~~ my first fanfic လေးမို့အမှားတစ်စုံတစ်ရာပါခဲ့ပါကန...