နန်းတော်ကြီးပမာကြီးမားလှတဲ့ စံအိမ်တော်ကြီး...
ဘယ်သူမှထိုစံအိမ်တော်ကြီးကိုရှာမတွေ့နိုင်သလို ဘယ်လူသားမှလဲလာရောက်နိုင်ခြင်းမရှိ...ထိုစံအိမ်ထဲ အရှင်သခင်တစ်ပါးထဲကနေမွေးထုပ်ထားတဲ့ သား၂ယောက်ရှိနေတာကို လဲဘယ်သူမှမသိ။vampire မျိုးနွယ်စုကိုလာပတ်သက်ရဲလောက်တဲ့လူသားလဲရှိမည်မထင်။ခုတော့ ထိုစံအိမ်ထဲအရှင်သခင်က၂ပါးပေါ့...
ပတ်ဂျုံဆောင်းနဲ့ပတ်ဆောင်ဟွန်းတဲ့... vampire တို့ရဲ့အရှင်သခင် သန့်စင်တဲ့မျိုးနွယ်စုတို့ရဲ့ခေါင်းဆောင်။သာမန်vampireတို့ထက်စွမ်းအားပိုမြင့်ပြီး အလွန်သန်မာကာစိတ်ညှို့နိုင်စွမ်းလဲရှိကြတယ်...သန့်စင်တဲ့vampireမျိုးနွယ်တွေဟာ လူသားတွေကိုပစ်မှတ်ထားလေ့မရှိ တနည်းလူသားတွေရဲ့သွေးကိုသောက်သုံးလေ့မရှိ။ဒါမဲ့ သူတို့ဟာ အသက်အန္တရယ်အခက်အခဲကြုံလာခဲ့တဲ့ခါမျိုးကချွင်းချက်ပေ
အဲ့လိုအချိန်မျိုးမှာလူသားတစ်ယောက်ကပစ်မှတ်ဖြစ်ခဲ့မယ်ဆိုရင်တောင် သူတို့ဟာအပြည့်အဝတာဝန်ယူပေးကြလိမ့်မယ်။အခုစံအိမ်ရဲ့သခင်ပတ်ဆောင်ဟွန်းဟာလဲ ထိုကဲ့သို့အမှားတစ်ခုကြောင့်လူသားတစ်ယောက်ကိုတာဝန်ယူစောင့်ရှောင့်ရတော့မည်။
~~~~~~~~00:00~~~~~~~~~
စာမေးပွဲနေ့မို့ ပုံမှန်ထက်ကျောင်းမှာသာအချိန်ကုန်နေမိသည်။ဆောနူနဲ့ဂျောင်ဝန်းက majorလဲတူတာမို့ စာလုပ်ရတာလဲအဆင်ပြေသည်။
"ဒီနေ့နည်းနည်းနောက်ကျမှပြန်ရအောင်လား ဆောနူ"
ရုတ်တရက်နောက်ကျမှပြန်ဖို့ပြောလာတဲ့ဂျောင်ဝန်းကိုသူထူးဆန်းသလိုကြည့်လိုက်မိတယ်။ပုံမှန်ဆိုသူဘဲ ဟိုတေန့ကလိုဖြစ်မှာစိုးလို့ဆိုပြီးစောစောပြန်နေကျကို ဒီနေ့မှထူး"ဆန်း"
"ငါ့computer ပျက်သွားလို့ဆိုင်ပို့ထားတာလေ အဲ့တာဒီေန့ပြီးပြီတဲ့ဝင်ယူသွားဖို့ပြောလို့"
"အခုပြန်ရင်ဝင်ယူလို့မရလို့လား"
"အဲ့တာပြောတာပေါ့ ဆိုင်ရှင်ကသူအပြင်ရောက်ေနလို့အဲ့တာနည်းနည်းနောက်ကျမှာမို့ ၈နာရီလောက်မှပြန်ရောက်မယ်တဲ့"
YOU ARE READING
00:00 𝓑𝓮𝓰𝓲𝓷; //𝚜𝚞𝚗𝚜𝚞𝚗// 𝚟𝚊𝚖𝚙𝚒𝚛𝚎 𝚏𝚒𝚌
Fanfiction𝙿𝚊𝚛𝚔 𝚂𝚞𝚗𝚐𝚑𝚘𝚘𝚗 𝙺𝚒𝚖 𝚂𝚞𝚗𝚘𝚘 "သူကရော အခုလူလား? vampire လား?" "အနားကနေထွက်သွားဖို့မကြိုးစားပါနဲ့တော့ လူဖြစ်ဖြစ်vampireဖြစ်ဖြစ်သဘောကျတာမို့လို့ ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့" ~~~🎃🩸🧛🍷~~~ my first fanfic လေးမို့အမှားတစ်စုံတစ်ရာပါခဲ့ပါကန...